International News: ဗုံးခွဲမှုနဲ့ပတ်သက်ပြီး တူရကီအစိုးရက ကာဒစ်ပါတီမှ တာဝန်ရှိသူ ၂၀၀ နီးပါးကို ဖမ်းဆီး

အစ္စတန်ဘူလ်ရှိ ဘောလုံးကွင်းအပြင်ဘက်နဲ့ အနီးအနားမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၄ ဦးသို့ မြင့်တက်လာခဲ့ပါတယ်။

play


တူရကီအစိုးရက အစ္စတန်ဘူလ်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု နှစ်ခုကို တုံ့ပြန်တဲ့အနေဖြင့် ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) မှာ ကာဒစ်ပါတီမှ တာဝန်ရှိသူ ၂၀၀ နီးပါးကို ဖမ်းဆီးလိုက်ပြီး အီရတ်နိုင်ငံရှိ ကာဒစ်စစ်သွေးကြွများကို ထိုးစစ်ဆင်ခဲ့ပါတယ်။ တူရကီသမ္မတ အာဒိုဂန်က ဗုံးခွဲတိုက်ခိုက်မှုအပေါ် တုံ့ပြန်သွားမယ်လို့ ပြောကြားထားခဲ့တာလည်း ဖြစ်ပါတယ်။

play


ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက အစ္စတန်ဘူလ်ရှိ ဘောလုံးကွင်းအပြင်ဘက်နဲ့ အနီးအနားမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီဇင်ဘာ ၁၂ ရက် စာရင်းတွေအရ ၄၄ ဦးသို့ မြင့်တက်လာခဲ့ပါတယ်။

play


သေဆုံးသူအများစုမှာ တူရကီရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းလည်း သိရပါတယ်။  စနေနေ့က ဗုံးခွဲတိုက်ခိုက်မှုတွေကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း ကာ့ဒ်စစ်သွေးကြွအုပ်စု Kurdistan Freedom Falcons (TAK) က ပြောကြားထားပါတယ်။

TAK အဖွဲ့က ယခုတိုက်ခိုက်မှုမတိုင်မီ တူရကီမှာ ယခုနှစ်အတွင်း ကြီးမားတဲ့တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ရာ အန်ကာရာမှာ နှစ်ကြိမ်နဲ့ အစ္စတန်ဘူလ်မှာ တစ်ကြိမ်ဖြစ်ပါတယ်။ အဆိုပါ တိုက်ခိုက်မှုသုံးကြိမ်အတွင်း စုစုပေါင်း လူ ၇၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ