International News: အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်းတိုက်မှုကြောင့် အနည်းဆုံး ၂ ဦး သေဆုံး

ဆိုင်ကလုန်းဗာဒက်ဟာ လေတိုက်နှုန်း တစ်နာရီလျှင် ၇၅ မိုင်ဖြင့် ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ခဲ့ပါတယ်။

play


အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ဗာဒက် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ကမ်းရိုးတန်းဒေသရှိ ပြည်နယ် ၂ ခုမှ ထောင်နဲ့ချီတဲ့ ဒေသခံများ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျောင်းများနဲ့ လုပ်ငန်းများ ပိတ်ပင်ခဲ့ရပြီး လေကြောင်းခရီးစဉ်များလည်း ဆိုင်းငံ့ခဲ့ရပါတယ်။

play


ဆိုင်ကလုန်းဗာဒက်ဟာ လေတိုက်နှုန်း တစ်နာရီလျှင် ၇၅ မိုင်ဖြင့် ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ခဲ့ပါတယ်။ တမီလ်နာဒူပြည်နယ် အစိုးရက သတင်းထုတ်ပြန်မှုအရ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပေါင်း ၂၆၀ ပြိုလဲခဲ့ကြောင်း သိရပါတယ်။

play


ဒါ့အပြင် နေရာဒေသအများအပြားမှာ ရေကြီးမှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အန်ဒရာပရာဒက်ရှ်နဲ့ တမီလ်နာဒူ ပြည်နယ်တို့ရှိ ငါးဖမ်းသမားများကို ပင်လယ်ပြင်မထွက်ရန် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ