International News: နိုက်ဂျီးရီးယားမှာ ကလေးငယ်နှစ်ဦးကို အသုံးချပြီး အသေခံဗုံးခွဲစေခဲ့

မိန်းကလေးငယ်နှစ်ဦးက ၎င်းတို့ထံမှာ တပ်ဆင်ထားတဲ့ ဗုံးကို မိနစ်ပိုင်းခြားပြီး ဖောက်ခွဲခဲ့ကြကြောင်း မျက်မြင်တွေက ဆိုပါတယ်။

play


နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ ဈေးတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ သီတင်းပတ်ကုန်က အသေခံဗုံးခွဲမှုမှာ အသက် ၇ နှစ်နဲ့ ၈ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို အသုံးချပြီး ဗုံးတပ်ဆင်ပေးကာ ဖောက်ခွဲစေခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဗုံးတပ်ဆင်ထားခံရတဲ့ မိန်းကလေးနှစ်ဦးနဲ့ အခြားလူတစ်ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

play


ဘော်နိုပြည်နယ် မိုင်ဒူဂူရီမြို့ရှိ ဈေးတစ်ခုမှာ ဈေးဝယ်သူများဖြင့် စည်ကားနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မိန်းကလေးငယ်နှစ်ဦးက ၎င်းတို့ထံမှာ တပ်ဆင်ထားတဲ့ ဗုံးကို မိနစ်ပိုင်းခြားပြီး ဖောက်ခွဲခဲ့ကြကြောင်း မျက်မြင်တွေက ဆိုပါတယ်။

play


ယခု အသေခံဗုံးခွဲမှုကို လုပ်ဆောင်ကြောင်း မည်သည့်အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမဲ့ ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စုက အလားတူ တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နိုက်ဂျီးရီးယားစစ်တပ်က ဘိုကိုဟာရမ်တို့အပေါ် တိုက်ခိုက်ချေမှုန်းမှု အသာစီးရလာခဲ့ပေမဲ့ အဆိုပါအုပ်စုက ဗုံးခွဲမှုများ ပုံမှန်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

နိုက်ဂျီးရီးယားနိုင်ငံ မာဒါဂါလီမြို့ရှိ အရောင်းအဝယ် စည်းကားတဲ့နေရာတစ်ခုမှာလည်း ပြီးခဲ့တဲ့ သောကြာနေ့ (ဒီဇင်ဘာ ၉ ရက်) က အမျိုးသမီးဗုံးခွဲသူနှစ်ဦးက အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၄၅ ဦးထက်မနည်း သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ