International News: ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အသစ် ကျမ်းသစ္စာကျိန်ဆို

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဥက္ကဋ္ဌ ပီတာသွမ်ဆင်ရဲ့ ဦးဆောင်မှုဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ကိုင်ဆောင်ပြီး ဂူတာရက်စ်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

play


ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်) က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ဂူတာရက်စ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဘန်ကီမွန်းနေရာကို ဆက်ခံသွားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သစ် ကျမ်းကျိန်ဆိုမှု


ဂူတာရက်စ်က ကုလသမဂ္ဂအနေနဲ့ ဆီးရီးယားစစ်ပွဲကဲ့သို့ ကမ္ဘာတစ်ဝန်း ပဋိပက္ခတွေကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ပြောင်းလဲမှုပြုလုပ်ရမယ်လို့ ပြောကြားပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဥက္ကဋ္ဌ ပီတာသွမ်ဆင်ရဲ့ ဦးဆောင်မှုဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ကိုင်ဆောင်ပြီး ဂူတာရက်စ်က ကျမ်းသစ္စာကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။

play


ဂူတာရက်စ်ဟာ ကုလသမဂ္ဂအကြီးအကဲ ဖြစ်လာတဲ့ ပထမဆုံး အစိုးရအဖွဲ့ခေါင်းဆောင်ဟောင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၎င်းက ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူသွားမှာပါ။

play


ဂူတာရက်စ်ဟာ လတ်တလော ဖြစ်ပွားနေတဲ့ ဆီးရီးယားစစ်ပွဲနဲ့ ဒေါ်နယ်ထရန့်လက်ထက်မှာ ကမ္ဘာ့ရေးရာများအပေါ် ပြောင်းလဲလာနိုင်တဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မေးခွန်းများရှိနေစဉ်ကာလမှာ ကုလသမဂ္ဂကို ဦးဆောင်သွားရမှာလည်း ဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ဂူတာရက်စ်ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းကို ၁၀ နှစ်ကြာ ဦးဆောင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ