International News: ဆီးရီးယားနိုင်ငံ ပယ်လ်မိုင်ရာမြို့မှာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့ဟုဆို

ပယ်လ်မိုင်ရာမြို့ကို အိုင်အက်စ်တို့က ၂၀၁၅ ခုနှစ် မေလမှာ သိမ်းပိုက်ခဲ့ပြီး ယခုနှစ် မတ်လမှာ ဆီးရီးယားအစိုးရတပ်က ပြန်လည် သိမ်းယူခဲ့ပြီးနောက် ယခုတစ်ဖန် အိုင်အက်စ်တို့က ပြန်လည်ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

play


ပြည်တွင်းစစ်ပြင်းထန်နေတဲ့ ဆီးရီးယားနိုင်ငံ ပယ်လ်မိုင်ရာရှေးဟောင်းမြို့အနီးမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း လူအများအပြား သေဆုံးခဲ့ပြီး ဂက်စ်ဖြင့် တိုက်ခိုက်ခဲ့ဖွယ်ရှိကြောင်းလည်း စောင့်ကြည့်ရေးအုပ်စုတွေက ပြောပါတယ်။ ပယ်လ်မိုင်ရာမြို့ကို တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၁ ရက်) က အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြန်လည် သိမ်းပိုက်ထားခဲ့ရာ ဆီးရီးယားအစိုးရနဲ့ မဟာမိတ်တပ်ဖွဲ့များက မြို့ကို ပြန်သိမ်းနိုင်ရန် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

play


ပယ်လ်မိုင်ရာအနီးမှာ အပြင်ပန်းဒဏ်ရာမရှိဘဲ သေဆုံးနေတဲ့ ရုပ်အလောင်းများကို တွေ့ခဲ့ရကြောင်း ဟာမာပြည်နယ်ရှိ သတင်းရင်းမြစ်များက ဆိုပါတယ်။ ဟာမာပြည်နယ် အရပ်သားအဖွဲ့တစ်ဖွဲ့ရဲ့ ပြောကြားမှုအရ တိုက်ခိုက်မှုများအတွင်း သေဆုံးသူအရေအတွက် ၄၀ ရှိကြောင်းလည်း သိရပါတယ်။

ဆီးရီးယားအစိုးရနဲ့ မဟာမိတ်ရုရှားတို့က ပြည်တွင်းစစ်တိုက်ပွဲများအတွင်း ဓာတုလက်နက်အသုံးပြုကြောင်း သတင်းတွေကို ငြင်းဆိုထားခဲ့ပါတယ်။ ပယ်လ်မိုင်ရာမြို့ကို အိုင်အက်စ်တို့က ၂၀၁၅ ခုနှစ် မေလမှာ သိမ်းပိုက်ခဲ့ပြီး ယခုနှစ် မတ်လမှာ ဆီးရီးယားအစိုးရတပ်က ပြန်လည် သိမ်းယူခဲ့ပြီးနောက် ယခုတစ်ဖန် အိုင်အက်စ်တို့က ပြန်လည်ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

အိုင်အက်စ်အဖွဲ့တွေဟာ ပယ်လ်မိုင်ရာကို သိမ်းပိုက်ထားစဉ်အတွင်း မြို့တွင်းရှိ ယူနက်စကို အသိအမှတ်ပြု  ယဉ်ကျေးမှုအမွေအနှစ် ရှေးလက်ရာတွေကိုလည်း ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ ယင်းတို့အနက် နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိတဲ့ ဘုရားကျောင်းနှစ်ကျောင်းလည်း ပါဝင်ခဲ့ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ