International News: နယ်သာလန်မှာ ငှက်တုပ်ကွေးကြောင့် ကြက်ကောင်ရေ ခြောက်သောင်းကျော်ကို သုတ်သင်

တွေ့ရှိရတဲ့ ငှက်တုပ်ကွေးဟာ H5 ငှက်တုပ်ကွေးမျိုးကွဲများအနက် မည်သည့် အမျိုးအစားဖြစ်ကြောင်း ပြောကြားခဲ့ခြင်း မရှိပါဘူး။

play


နယ်သာလန်နိုင်ငံမြောက်ပိုင်း ဖရီစလန်းပြည်နယ်ရှိ အသားစာကြက်၊ ဘဲ မွေးမြူရေးခြံတစ်ခြံမှာ ငှက်တုပ်ကွေး တွေ့ရှိခဲ့ရပြီးနောက် ကြက်ကောင်ရေ ၆၃,၀၀၀ ကို သုတ်သင်ရှင်းလင်းပစ်ရန် အာဏာပိုင်တွေက ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ နယ်သာလန်မှ ယခုနှစ် ဆောင်းရာသီအတွင်း ငှက်တုပ်ကွေး ဖြစ်ပွားမှု လေးကြိမ်မြောက်လည်း ဖြစ်လာပါတယ်။

play


လတ်တလော သီတင်းပတ်အတွင်း ဥရောပတစ်လွှားမှာ ငှက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားမှုများ ရှိနေပြီး နယ်သာလန်မှာ အဆိုးရွားဆုံးလို့ ဆိုပါတယ်။ အခြား ဥရောပနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီနဲ့ ဆွီဒင်တို့မှာ H5N8 ငှက်တုပ်ကွေးအမျိုးအစား တွေ့ရှိထားကြောင်း သိရပါတယ်။

play


နယ်သာလန်အာဏာပိုင်တွေက ငှက်တုပ်ကွေးတွေ့ရှိရာ မွေးမြူရေးခြံရဲ့ ၆ မိုင်ကျော်အတွင်း ကြက်ဥများအပါအဝင် ပစ္စည်ပစ္စယများ သယ်ယူပို့ဆောင်ခြင်း မပြုရန်လည်း ပိတ်ပင်လိုက်ပါတယ်။ ယခုတွေ့ရှိရတဲ့ ငှက်တုပ်ကွေးဟာ H5 ငှက်တုပ်ကွေးမျိုးကွဲများအနက် မည်သည့် အမျိုးအစားဖြစ်ကြောင်း ပြောကြားခဲ့ခြင်း မရှိပါဘူး။

နယ်သာလန်ဟာ ကမ္ဘာတစ်ဝန်းမှာ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှု ဒုတိယအများဆုံးဖြစ်ပြီး အသားကြက်၊ ဘဲ မွေးမြူမှုလည်း အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်ကလည်း နယ်သာလန်မှာ ဘဲအကောင်ရေ ၁၉၀,၀၀၀ ကို ငှက်တုပ်ကွေးကြောင့် သုတ်သင်ခဲ့ရပြီး ယခုတစ်ကြိမ် သုတ်သင်မှုဟာ ဒုတိယအကြိမ် ဖြစ်လာပါတယ်။

နယ်သာလန်မှာ ၁၉၉၇ ခုနှစ်ကစပြီး ဝက်တုပ်ကွေး၊ ခွာနာလျှာနာနဲ့ နွားရူးရောဂါ ဖြစ်ပွားမှုတို့ကြောင့် ကြက်၊ ဘဲ၊ နွား၊ ဆိတ်၊ ဝက်နဲ့ သိုးအကောင်ရေ သန်း ၄၀ ကျော်ကို ရှင်းလင်းသုတ်သင်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ