International News: အိန္ဒိယရုပ်ရှင်ရုံမှာ နိုင်ငံတော်သီချင်းထုတ်လွှင့်စဉ် မတ်တပ်မရပ်သူ ၂၀ ဦး ဖမ်းဆီးခံရ

, updated

တရားရုံးချုပ်က ရုပ်ရှင်ရုံတွေအားလုံး ရုပ်ရှင်မစတင်မီ နိုင်ငံတော်သီချင်း ထုတ်လွှင့်ရန်နဲ့ ရုပ်ရှင်ရုံအတွင်း ရှိနေသူအားလုံးက မတ်တပ်ရပ်ရန် စည်မျဉ်းစည်းကမ်း ထုတ်ပြန်ခဲ့ပါတယ်။

play


အိန္ဒိယမှာ ရုပ်ရှင်များအတွင်း နိုင်ငံတော်သီချင်း ထုတ်လွှင့်နေစဉ် မတ်တပ်မရပ်သူ ၂၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) ပြောပါတယ်။ အိန္ဒိယတရားရုံးချုပ်က နိုင်ငံတော်သီချင်း ထုတ်လွှင့်သီဆိုစဉ် မတ်တပ်ရပ်ရန် မဖြစ်မနေလုပ်ရမည့် စည်းမျဉ်းစည်ကမ်းအဖြစ် သတ်မှတ်ခဲ့ပြီး သီတင်းနှစ်ပတ်အကြာမှာ ယခုကဲ့သို့ ဖမ်းဆီးမှုတွေ ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။

play


တရားရုံးချုပ်က ရုပ်ရှင်ရုံတွေအားလုံး ရုပ်ရှင်မစတင်မီ နိုင်ငံတော်သီချင်း ထုတ်လွှင့်ရန်နဲ့ ရုပ်ရှင်ရုံအတွင်း ရှိနေသူအားလုံးက မတ်တပ်ရပ်ရန် စည်မျဉ်းစည်းကမ်းထုတ် နိုဝင်ဘာ ၃၀ ရက်မှာ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။ တရားရုံးရဲ့ ညွှန်ကြားချက်ထုတ်ပြန်မှုဟာ ပြည်သူတွေရဲ့လွတ်လပ်မှုကို ထိပါးရာရောက်ကြောင်း ဒေါသထွက်ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

play


အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်မှာ ပြုလုပ်တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ နိုင်ငံတော်သီချင်း ထုတ်လွှင့်စဉ် မတ်တပ်မရပ်သူ ၁၂ ဦးကို တနင်္လာနေ့ (ဒီဇင်ဘာ ၁၂ ရက်) က ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခဲ့သူတွေကို နောက်ပိုင်းမှာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ကီရာလာပြည်နယ်မှ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

အခြား လူ ၈ ဦးကို အိန္ဒိယတောင်ပိုင်း ချင်နိုင်းမြို့ရှိ ရုပ်ရှင်ရုံတစ်ရုံမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့ကို နိုင်ငံတော်ဂုဏ်သိက္ခာကို ထိပါးစော်ကားမှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်သုံးနှစ်အထိ ကျခံရနိုင်တယ်လို့ ဆိုပါတယ်။ တရားရုံးချုပ်ကတော့ နိုင်ငံတော်သီချင်း ထုတ်လွှင့်စဉ် မတ်တပ်မရပ်မှုအတွက် သီးခြားပြစ်ဒဏ် သတ်မှတ်ထားခြင်း မရှိကြောင်း သိရပါတယ်။
Source & Photo: AFP

အိန္ဒိယတရားရုံးချုပ်ရဲ့စည်းမျဉ်းက ဖြစ်သင့်တယ်ထင်လား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ