International News: မလေးရှားဘုရင်သစ် တင်မြှောက်မှုအခမ်းအနား ပြုလုပ်

မလေးရှားနိုင်ငံရဲ့ အလှည့်ကျ ဘုရင်စနစ်အရ ပြည်နယ်ကိုးခုမှာ မျိုးရိုးစဉ်ဆက် ဆက်ခံအုပ်ချုပ်သူတွေက တစ်လှည့်စီ ဘုရင်အဖြစ် ဆောင်ရွက်ကြပါတယ်။

play


မလေးရှားနိုင်ငံရဲ့ ၁၅ ဆက်မြောက် ဘုရင်အဖြစ် ဆူလ်တန်မူဟာမက်ဗွီကို တရားဝင် တင်မြှောက်တဲ့အခမ်းအနား ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) မှာ ပြုလုပ်တဲ့ ဘုရင်သစ်တင်မြှောက်မှု အခမ်းအနားကို ဂုဏ်သရေရှိ ပုဂ္ဂိုလ်များနဲ့ ထိပ်တန်းအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ဆူလ်တန်မူဟာမက်ဗွီက ယန်ဒီပါတူအန်အက်ဂွန်း ဘွဲ့အမည်ခံယူကာ မလေးရှားဘုရင်သစ် ဖြစ်လာခဲ့ပါတယ်။

play


ဆူလ်တန်မူဟာမက်ဟာ လက်ရှိမှာ ကီလန်တန်ပြည်နယ်ကို အုပ်ချုပ်နေသူလည်း ဖြစ်ပါတယ်။ ဘုရင်အဖြစ် တင်မြှောက်ခံရတဲ့ ဆူလ်တန်မူဟာမက်ကို ဂုဏ်ပြုတပ်ဖွဲ့က သေနတ် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။ မလေးရှားနိုင်ငံရဲ့ အလှည့်ကျ ဘုရင်စနစ်အရ ပြည်နယ်ကိုးခုမှာ မျိုးရိုးစဉ်ဆက် ဆက်ခံအုပ်ချုပ်သူတွေက တစ်လှည့်စီ ဘုရင်အဖြစ် ဆောင်ရွက်ကြတယ်လို့ ဆိုပါတယ်။

play


မလေးရှားနိုင်ငံဟာ ၁၉၅၇ ခုနှစ်က ဗြိတိန်အုပ်ချုပ်မှုမှ လွတ်လပ်ရေးရခဲ့ပြီးနောက်ပိုင်း အလှည့်ကျ ဘုရင်စနစ် ကျင့်သုံးနေတဲ့ တစ်ခုတည်းသော ကမ္ဘာ့နိုင်ငံလည်း ဖြစ်ပါတယ်။ ပြည်နယ်ကိုးခုမှ အုပ်ချုပ်သူတစ်ဦးကို ဘုရင်အဖြစ် နှစ်ကြိမ် တင်မြှောက်နိုင်ကြောင်းလည်း သိရပါတယ်။ မလေးရှားဘုရင်ဟာ ၅ နှစ် သက်တမ်းဆောင်ရွက်ရကာ အခမ်းအနားများ တက်ရောက်မှုသာ အဓိကဖြစ်ပြီး နိုင်ငံရဲ့အာဏာအရပ်ရပ်ကို လွှတ်တော်နဲ့ ဝန်ကြီးချုပ်တို့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ