International News: ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ တိုက်ပွဲများအဆုံးသတ်

သူပုန်များ အလက်ပိုမြို့မှထွက်ခွာရန် သဘောတူညီမှုရခဲ့ပြီးနောက် နှစ်ဖက် တိုက်ခိုက်နေမှုများကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

play


ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အရှေ့ပိုင်းမှာ စစ်ဆင်ရေးများ အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗစ်တလေချာကင်က ပြောကြားပါတယ်။ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက အလက်ပိုရှိ သူပုန်များထိန်းချုပ်ထားတဲ့ နောက်ဆုံးလက်ကျန် နေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ၎င်းက ဆိုပါတယ်။

အလက်ပိုမြို့မှာ အရပ်သားများ ရွှေ့ပြောင်းမှု


သူပုန်များ အလက်ပိုမြို့မှ နာရီပိုင်းအတွင်း ထွက်ခွာရန် ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) က သဘောတူညီမှုရခဲ့ပြီးနောက် နှစ်ဖက် တိုက်ခိုက်နေမှုများကို အဆုံးသတ်လိုက်တာလည်း ဖြစ်ပါတယ်။

သူပုန်များအပြင် အလက်ပိုအရှေ့ပိုင်းရှိ အရပ်သားများကိုလည်း ထွက်ခွာခွင့်ပြုရန် နှစ်ဖက်သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။ ယခု သဘောတူညီမှုရရှိပြီး အလက်ပိုမှာ တိုက်ခိုက်နေမှုများ ပြီးဆုံးခဲ့ခြင်းက လေးနှစ်ကျော်ကြာ ဖြစ်ပွားနေခဲ့ပြီး လူပေါင်းသောင်းနဲ့ချီ သေဆုံးခဲ့တဲ့ ဆီးရီးယားစစ်ပွဲကို အဆုံးသတ်နိုင်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။

play

 
သဘောတူညီမှုအရ သူပုန်များဟာ အလက်ပိုမြို့မှ ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) မှာ ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။ လတ်တလော လပိုင်းအတွင်း ဆီးရီးယားအစိုးရစစ်တပ်က ရုရှားအကူအညီဖြင့် သူပုန်များထိန်းချုပ်ထားတဲ့ အလက်ပိုမြို့အရှေ့ပိုင်းကို ထိုးစစ်ဆင်ခဲ့ရာ သူပုန်များမှာ နယ်မြေများစွန့်လွှတ်ခဲ့ရပြီး ချောင်ပိတ်မိခဲ့ပါတယ်။

play

 
အလက်ပိုအရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ရာ နေရာဒေသတွေကို တိုက်ခိုက်မှုများအတွင်း အစိုးရတပ်ဖွဲ့ကို ထောက်ခံတဲ့ လက်နက်ကိုင်များက အမျိုးသမီး ၁၁ ဦးနဲ့ ကလေးငယ် ၁၃ ဦး အပါအဝင် အရပ်သား ၈၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သတင်းများကြားသိရကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။

play

 
ကုလသမဂ္ဂနဲ့ အမေရိကန်က အလက်ပိုစစ်ဆင်ရေးအတွင်း ဆီးရီးယားအစိုးရတပ်ဖွဲ့နဲ့ မဟာမိတ် ရုရှားနဲ့အီရန်တို့က ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ ရုရှားနိုင်ငံကတော့ အဆိုပါ စွပ်စွဲချက်တွေဟာ မမှန်ကန်ကြောင်း တုံ့ပြန်ထားပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ