International News: ဒေါ်နယ်ထရန့်က ရေနံကုမ္ပဏီအကြီးအကဲကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်

ရုရှားသမ္မတနဲ့ ရင်းနှီးကျွမ်းဝင်သူကို နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်မယ့်အပေါ် ဒီမိုကရက်တစ်တွေနဲ့ ရီပတ်ဘလစ်ကင်အချို့ကပါ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

play
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမည့် တီလာဆန်


အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က အရေးပါတဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် Exxon Mobil Corp ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ရက်ဇ် တီလာဆန်ကို ခန့်အပ်ရန် ရွေးချယ်လိုက်ကြောင်း ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) က ကြေညာပါတယ်။ တီလာဆန်ဟာ ကမ္ဘာတစ်ဝန်းမှာ လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ပြီး နိုင်ငံတကာနဲ့ ဆက်ဆံညှိနှိုင်းမှုတွေမှာ အောင်မြင်သူလို့ ထရန့်က ဆိုပါတယ်။

play
တီလာဆန်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်


တီလာဆန်ဟာ ၎င်းရဲ့ ကမ္ဘာ့အကြီးဆုံး စွမ်းအင်ကုမ္ပဏီအတွက် နိုင်ငံရပ်ခြားအစိုးရတွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ အတွေ့အကြုံရှိပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ရင်းနှီးကျွမ်းဝင်သူလည်း ဖြစ်ပါတယ်။ ရုရှားသမ္မတနဲ့ ရင်းနှီးကျွမ်းဝင်သူကို နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်မယ့်အပေါ် ဒီမိုကရက်တစ်တွေနဲ့ ရီပတ်ဘလစ်ကင်အချို့ကပါ မေးခွန်းထုတ်မှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။

play
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်


"တီလာဆန်က အမေရိကရဲ့ အရေးပါတဲ့ အမျိုးသားအကျိုးစီးပွားအတွက် အခိုင်အမာ အားပေးထောက်ခံသူပါ၊ အမေရိကရဲ့ လုံခြုံရေးနဲ့ ကမ္ဘာမှာရပ်တည်မှုကို အားနည်းမှုဖြစ်စေခဲ့တဲ့ နှစ်ပေါင်းကြာမြင့်စွာ နိုင်ငံခြားရေးမူဝါဒနဲ့ ဆောင်ရွက်ချက် အမှားတွေကို ပြန်ပြင်ဖို့အတွက် သူက ကူညီပါလိမ့်မယ်" လို့ ထရန့်က ထုတ်ပြန်ကြေညာချက်မှာ ပြောကြားထားပါတယ်။

play
ဒေါ်နယ်ထရန့် အစိုးရအဖွဲ့


အသက် ၆၄ နှစ်အရွယ်  တီလာဆန်ဟာ Exxon Mobil ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၀၆ ခုနှစ်ကတည်းက တာဝန်ယူခဲ့သူဖြစ်ပြီး အစိုးရအရာရှိအဖြစ် လုပ်ကိုင်ခဲ့ဖူးခြင်း မရှိကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ