International News: ဂျပန်မှာ အမေရိကန် ဘက်စုံသုံးလေယာဉ် ပျက်ကျ

အမေရိကန်စစ်ဘက်သုံး Ospery လေယာဉ်တွေဟာ ရဟတ်ယာဉ်နဲ့ လေယာဉ်ပျံ ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်ပြီး ဒေါင်လိုက်အနေအထားဖြင့် ပျံတက်နိုင်၊ ဆင်းသက်နိုင်ပါတယ်။

play


ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း ကမ်းလွန်မှာ အမေရိကန်စစ်ဘက်ဆိုင်ရာ ဘက်စုံသုံးလေယာဉ် ပျက်ကျခဲ့ကြောင်း သိရပါတယ်။ Osprey စစ်ဘက်လေယာဉ်ဟာ အိုကီနာဝါကမ်းလွန် ပင်လယ်ပြင်မှာ ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) ညပိုင်းက ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဂျပန်မှာ အမေရိကန် ဘက်စုံသုံးလေယာဉ် ပျက်ကျမှု


လေယာဉ်ပျက်ကျမှုအပေါ် အိုကီနာဝါ ဒေသခံတွေကြား ဒေါသတကြီး ဝေဖန်မှုတွေ ချက်ချင်းထွက်ပေါ်ခဲ့ပါတယ်။ အိုကီနာဝါ ဒေသခံတွေကြား ကျွန်းပေါ်မှာ အမေရိကန် စစ်အခြေစိုက်စခန်းထားရှိမှု၊ Osprey ဘက်စုံသုံး လေယာဉ်တွေရဲ့ ပျံသန်းမှုဆိုင်ရာ လုံခြုံဘေးကင်းမှုနဲ့ ပတ်ဝန်းကျင်လေထုညစ်ညမ်းစေမှုအပေါ် ယခင်ကတည်းက ဝေဖန်ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

play


အမေရိကန်စစ်ဘက်သုံး Ospery လေယာဉ်တွေဟာ ရဟတ်ယာဉ်နဲ့ လေယာဉ်ပျံ ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်ပြီး ဒေါင်လိုက်အနေအထားဖြင့် ပျံတက်နိုင်၊ ဆင်းသက်နိုင်ပါတယ်။ အဆိုပါ လေယာဉ်တွေဟာ ကမ္ဘာတစ်ဝန်းမှာ မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပြီး ယမန်နှစ် မေလအတွင်းကလည်း ဟာဝိုင်ယီမှာ ပျက်ကျခဲ့ရာ အမေရိကန် မရိန်းတပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။

play


ယခုတစ်ကြိမ် ပျက်ကျမှုမှာ ဒီဇင်ဘာ ၁၃ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်က အိုကီနာဝါကျွန်းရှိ အမေရိကန် မရိန်းတပ်ဖွဲ့အခြေစိုက်စခန်း Camp Shwab အနီး ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

play


လေယာဉ်ဟာ ရေတိမ်ပိုင်းမှာ ဆင်းသက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ကပ္ပတိန်ဂျက်ဖ်ဒါဗစ်က ပြောပါတယ်။ အမေရိကန်က ဂျပန်နိုင်ငံမှာ စစ်ဘက်လေယာဉ် ၁၂ စီးမှ ၂၄ စီးအကြား ထားရှိရာ Osprey ဘက်စုံသုံး လေယာဉ်နှစ်စီး ပါဝင်ကြောင်း သိရပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ