International News: ရာဇဝတ်မှုဖြင့် သံသယရှိသူတွေကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ကြောင်း ဒူတာတေး ဝန်ခံ

, updated

ဒူတာတေးက နိုင်ငံခြားခရီးစဉ်တစ်ခု မသွားရောက်မီ သမ္မတနန်းတော်မှာ စီးပွားရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ထိုသို့ ဝန်ခံပြောကြားလိုက်တာပါ။

play


ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဒါဗာအိုမြို့မှာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူစဉ်က ရာဇဝတ်မှုကျူးလွန်ကြောင်း သံသယရှိသူတွေကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ ဒူတာတေးက ဇွန်လမှာ သမ္မတဖြစ်လာပြီးနောက် ယခုကဲ့သို့ ပထမဆုံးအကြိမ် ထုတ်ဖော်ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။

ရာဇဝတ်မှုဖြင့် သံသယရှိသူတွေကို ကိုယ်တိုင်သတ်ခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ


သို့သော် ၂၀၁၅ ခုနှစ်အတွင်း ၎င်းပြောကြားခဲ့တဲ့ မှတ်ချက်စကားများမှာလည်း အလားတူ ဝန်ခံတဲ့သဘောမျိုးတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒူတာတေးက နိုင်ငံခြားခရီးစဉ်တစ်ခု မသွားရောက်မီ သမ္မတနန်းတော်မှာ စီးပွားရေးခေါင်းဆောင်တွေနဲ့ တနင်္လာနေ့ (ဒီဇင်ဘာ ၁၂ ရက်) က တွေ့ဆုံခဲ့စဉ် ထိုသို့ ဝန်ခံပြောကြားလိုက်တာ ဖြစ်ပါတယ်။

play
လွှတ်တော်မှာ လာရောက်ဝန်ခံထွက်ဆိုခဲသည့် ကြေးစားလူသတ်သမား


ဒူတာတေးဟာ ဖိလစ်ပိုင်တောင်ပိုင်းရှိ ဒါဗာအိုမြို့ အုပ်ချုပ်ရေးမှူးအဖြစ် ဆယ်စုနှစ် ၂ ခုကြာ တာဝန်ယူခဲ့ပြီး ရာဇဝတ်မှုတိုက်ဖျက်ရေးနဲ့ ဥပဒေထက်ကျော်လွန် သတ်ဖြတ်တဲ့ တရားမဝင်အဖွဲ့တွေကို ထောက်ပံ့မှုတွေကြောင်း နာမည်ကြီးခဲ့ပါတယ်။ "ဒါဗာအိုမှာ ကိုယ်တိုင် သတ်ဖြတ်ခဲ့တာတွေ ရှိခဲ့တယ်၊ ဒါကလည်း ရဲတွေကို သူတို့မလုပ်ရင် ကျုပ်လုပ်နိုင်တယ်ဆိုတာ ပြချင်တာကြောင့်ပဲ" လို့ ဒူတာတေးက ပြောပါတယ်။

play


ဒါဗာအိုမှာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့စဉ် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် မြို့ကိုလှည့်လည် စစ်ဆေးကြည့်ရှုလေ့ရှိကြောင်းလည်း ဒူတာတေးက ဆိုပါတယ်။ ဒါဗာအိုမှာ ပြန်ပေးဆွဲမှုနဲ့ မုဒိမ်းမှုကျူးလွန်သူ အနည်းဆုံး ၃ ဦးကို ၎င်းကိုယ်တိုင် သတ်ပစ်ခဲ့ကြောင်း ၂၀၁၅ ခုနှစ်အတွင်းမှာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားခဲ့ဖူးပါတယ်။ ဒူတာတေးက သူဟာ သတ်ဖြတ်မှုတွေ ကိုယ်တိုင်လုပ်ခဲ့ပေမဲ့ လူသတ်သမားတစ်ယောက် မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားပါတယ်။

play


ဖိလစ်ပိုင်လွှတ်တော်မှာ ယခုနှစ် စက်တင်ဘာလအတွင်းက ဒူတာတေး စေခိုင်းခဲ့ဖူးသူလို့ဆိုသူ ကြေးစားလူသတ်သမားတစ်ဦးက လာရောက်ဝန်ခံထွက်ဆိုမှု ပြုလုပ်ခဲ့ရာမှာလည်း ဒူတာတေးဟာ ဒါဗာအိုအုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်စဉ်က တရားရေးဌာနမှ ဝန်ထမ်းတစ်ဦးကို အူဇီသေနတ်ဖြင့် ကိုယ်တိုင်ပစ်သတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ ဒူတာတေး သမ္မတဖြစ်လာပြီးနောက် မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး ၎င်းရဲ့စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့၊ အရပ်သားအဖွဲ့နဲ့ ကြေးစားအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် လူ ၆,၀၀၀ နီးပါး သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ