International News: သမ္မတနန်းတော်ကို ဗုံးခွဲရန်ကြံစည်မှုနဲ့ ဆက်နွယ်သူအမျိုးသမီးကို အင်ဒိုရဲ ဖမ်းဆီး

အနောက်ဂျာဗားပြည်နယ် တက်ဆစ်မာလာယာရှိ သူမရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

play
အင်ဒိုနီးရှား သမ္မတနန်းတော်


အင်ဒိုနီးရှား ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအဖွဲ့က ဂျကာတာမြို့ရှိ သမ္မတနန်းတော်ကို အသေခံဗုံးခွဲရန် ကြံစည်ခဲ့တဲ့ အကြမ်းဖက်သမားအုပ်စုနဲ့ ဆက်နွယ်သူ ဒုတိယမြောက် အမျိုးသမီးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

အင်ဒိုသမ္မတနန်းတော်ကို ဗုံးခွဲရန်ကြံစည်သူများ ဖမ်းမိ


အဆိုပါ အမျိုးသမီးကို ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) ဒေသစံတော်ချိန် မနက် ၄း၃၀ မှာ အနောက်ဂျာဗားပြည်နယ် တက်ဆစ်မာလာယာရှိ သူမရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ကြောင်းအင်ဒိုနီးရှား အွန်လိုင်းသတင်းဝက်ဘ်ဆိုက် Detikcom က ဖော်ပြပါတယ်။

play
သမ္မတနန်းတော်ကို ဗုံးခွဲကြံစည်သူ ၇ ဦးကို ဖမ်းဆီးမှုအတွင်း တွေ့ရသည့် မြင်ကွင်းတစ်ခု


ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သမ္မတနန်းတော်ကို ပေါက်ကွဲအားပြင်းတဲ့ ပေါင်းအိုးဗုံးဖြင့် တိုက်ခိုက်ရန် ကြံစည်ခဲ့သူ ၇ ဦးအုပ်စုကို ဖမ်းဆီးခဲ့ပြီးနောက် ယခု အမျိုးသမီးကို ထပ်မံ ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

play
သမ္မတနန်းတော်ကို အသေခံဗုံးခွဲရန် ကြံစည်ထားသည့် ဒီယန်ယူလီနိုဗီ


အစောပိုင်းက ဖမ်းဆီးခဲ့တဲ့ ၇ ဦးအနက်မှာလည်း ဒီယန်ယူလီနိုဗီ အမည်ရှိ အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး သူမဟာ သမ္မတနန်းတော်ကို အသေခံဗုံးခွဲရန် ပြင်ဆင်ခဲ့ကြောင်း သိရပါတယ်။

ယနေ့ မနက်ပိုင်းမှာ ထပ်မံ ဖမ်းဆီးခဲ့တဲ့ ဒုတိယမြောက် အမျိုးသမီးမှာမူ သူမရဲ့အမည်ကို တီအက်စ်အဖြစ်သာ သိရှိရသေးကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။
Source & Photo: CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ