International News: ၁၈ ရာစု တရုတ်ဧကရာဇ်တံဆိပ်တုံးကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် စံချိန်တင်ရောင်းချနိုင်ခဲ့

လေလံဈေးနှုန်းဟာ မူလခန့်မှန်းထားမှုထက် အဆပေါင်း ၂၀ ပိုများခဲ့ပါတယ်။

play
လေလံဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းချနိုင်ခဲ့တဲ့ တရုတ်ဧကရာဇ် တံဆိပ်တုံး


၁၈ ရာစုခေတ် တရုတ်ဧကရာဇ် တံဆိပ်တုံးတစ်ခုကို စံချိန်တင် လေလံဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လေလံဈေးနှုန်းဟာ မူလခန့်မှန်းထားမှုထက် အဆပေါင်း ၂၀ ပိုများခဲ့တယ်လို့ ဆိုပါတယ်။

အမည်မဖော်ပြထားတဲ့ တရုတ်လူမျိုး ရှေးဟောင်းပစ္စည်း စုဆောင်းသူတစ်ဦးက ပါရီမြို့မှာ ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၄ ရက်) က ပြုလုပ်ခဲ့တဲ့ လေလံတင်ပွဲမှာ အမြင့်ဆုံးဈေးနှုန်းပေးပြီး ဝယ်ယူသွားခဲ့ကြောင်း Drouot လေလံကုမ္ပဏီက ပြောပါတယ်။

play
ဧကရာဇ် Qianlong ငယ်ရွယ်စဉ်က


ယခင်က စံချိန်တင်ရောင်းချခဲ့တဲ့ လေလံဈေးနှုန်းမှာ ၂၀၁၁ ခုနှစ်က ဒေါ်လာ ၁၅ သန်းဖြင့် ရောင်းချနိုင်ခဲ့ပါတယ်။ လက်ဖဝါးအရွယ်မျှရှိပြီး အနီနဲ့အဖြူရောင် ကံ့ကူဖြင့် ပြုလုပ်ထားတဲ့ တရုတ်ဧကရာဇ် တံဆိပ်တုံးဖြစ်ပါတယ်။ အဆိုပါ တံဆိပ်တုံးဟာ တရုတ်ဧကရာဇ် Qianlong ရဲ့ ထောင်နဲ့နဲ့ချီတဲ့ တံဆိပ်တုံးများအနက် တစ်ခုဖြစ်ပါတယ်။ Qianlong ဟာ တရုတ်သမိုင်းမှာ သက်တမ်းအရှည်ကြာဆုံး စိုးစံခဲ့တဲ့ ဧကရာဇ်အနက်အနက် တစ်ဦးဖြစ်ပါတယ်။

play
ဧကရာဇ် Qianlong ကို အသက်အရွယ်ကြီးချိန်မှာ တွေ့ရစဉ်


ဧကရာဇ် Qianlong ဟာ တရုတ်နိုင်ငံကို ၁၇၃၆ ခုနှစ်မှ ၁၇၉၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး အနုပညာပစ္စည်းများ စုဆောင်းရန် စိတ်အားထက်သန်သူဖြစ်ကြောင်း သိရပါတယ်။ ဧကရာဇ် Qianlong ကိုယ်တိုင်ကလည်း အနုပညာသမားဖြစ်ကာ ၎င်းရဲ့ လက်မှတ်ကို တံဆိပ်တုံးများဖန်တီး အသုံးပြုခဲ့ပါတယ်။ တံဆိပ်တုံးမှာ ယောက်ျားပီသမှုနဲ့ ဧကရာဇ်ရဲ့ သြဇာအာဏာကို ကိုယ်စားပြုတဲ့ နဂါးကိုးကောင်အရုပ်များ ထွင်းထုထားပါတယ်။

ဧကရာဇ် Qianlong က ၎င်းရဲ့လက်မှတ်တံဆိပ်တုံးပေါင်း ၁,၈၀၀ ကျော် ပြုလုပ်ထားခဲ့ပြီး ၎င်းတို့အနက် ၇၀၀ ပျောက်ဆုံးနေပါတယ်။ အခြား တံဆိပ်ဆုံး ၁,၀၀၀ ကို ဘေဂျင်းမြို့ရှိ တရုတ်နန်းတော်ပြတိုက်မှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။ တရုတ်ဧကရာဇ် Qianlong ဟာ ၁၇၉၉ ခုနှစ် ဖေဖေါ်ဝါရီ ၇ ရက်က အသက် ၈၇ ခုနှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
Source & Photo: Telegraph, BBC, Wikipedia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ