International News: တောင်ကိုရီးယားမှာ ငှက်တုပ်ကွေးသတိပေးချက် အမြင့်ဆုံးအဖြစ် တိုးမြှင့်သတ်မှတ်

တောင်ကိုရီးယားမှာ ငှက်တုပ်ကွေးဖြစ်နေမှုကြောင့် တစ်နိုင်ငံလုံးရှိ မွေးမြူရေးခြံများမှ ကြက်၊ ဘဲအကောင်ရေ ၁၂ ရာခိုင်နှုန်းကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။

play


တောင်ကိုရီးယားနိုင်ငံမှာ ငှက်တုပ်ကွေးသတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ နိုင်ငံအတွင်း ငှက်တုပ်ကွေး အလျင်အမြန် ပျံ့နှံလာမှုကြောင့် အာဏာပိုင်တွေက သတိပေးချက်ကို အမြင့်ဆုံးအဖြစ် ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

play


စိုက်ပျိုးမွေးမြူရေး၊ အစားအစာနဲ့ ကျေးလက်ဒေသဆိုင်ရာ ဝန်ကြီးဌာနက ငှက်တုပ်ကွေးကို စိုးရိမ်းရတဲ့ အခြေအနေအဖြစ် အမြင့်ဆုံးသတ်မှတ်ခဲ့ပါတယ်။ တောင်ကိုရီးယားအာဏာပိုင်တွေက လိုအပ်လာခဲ့ရင် ကြက်မွေးမြူးရေးခြံတွေနဲ့ ငှက်များထားရှိရာ နေရာတွေကို ပိတ်ပစ်ရန် ညွှန်ကြားသွားမှာဖြစ်ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။

play


ယွန်ဟပ်ရဲ့အဆိုအရ ယခု တွေ့ရှိရတဲ့ ငှက်တုပ်ကွေးဟာ H5N6 အမျိုးအစားဖြစ်ပြီး တောင်ကိုရီးယားမှာ ပထမဆုံးအကြိမ် တွေ့ရှိရမှုဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ငှက်တုပ်ကွေးဟာ ပုံမှန်ထက် ပျံ့နှံ့မှုပိုမြန်နေကြောင်းလည်း သိရပါတယ်။ တောင်ကိုရီးယားမှာ ငှက်တုပ်ကွေး ဖြစ်ပွားမှုကို ပြီးခဲ့တဲ့ တစ်လခန့်က ပထမဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အာရှဒေသမှာ စတုတ္ထမြောက် စီးပွားရေးအကောင်းဆုံး တောင်ကိုရီးယားမှာ ငှက်တုပ်ကွေးဖြစ်နေမှုကြောင့် တစ်နိုင်ငံလုံးရှိ မွေးမြူရေးခြံများမှ ကြက်၊ ဘဲအကောင်ရေ ၁၂ ရာခိုင်နှုန်းကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
Source & Photo: Business Insider, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ