International News: ပျက်ကျခဲ့တဲ့ အီဂျစ်လေယာဉ်မှ ခရီးသည်များထံမှာ ဖောက်ခွဲရေးပစ္စည်းသဲလွန်စ တွေ့ရှိ

ဲ လေယာဉ်မှူးအခန်း အသံဖမ်းစက် မှတ်တမ်းများအရ လေယာဉ်မှူးတွေဟာ မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

play


ယခုနှစ် မေလအတွင်းက မြေထဲပင်လယ်အတွင်း ပျက်ကျခဲ့တဲ့ EgyptAir လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ပေါ်မှာ လိုက်ပါခဲ့ပြီး သေဆုံးခဲ့တဲ့ ခရီးသည်များထံမှာ ဖောက်ခွဲရေးပစ္စည်းတွေ့ရကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ အီဂျစ် လေကြောင်းပျံသန်းရေး ဝန်ကြီးဌာနက ယခုမှစပြီး Airbus A320 လေယာဉ်ပျက်ကျခဲ့မှုကို ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး  စတင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

play


မေလ ၁၉ ရက်က ပါရီမြို့မှ ကိုင်ရိုမြို့သို့ လေကြောင်းခရီးစဉ် MS804 အဖြစ် ပျံသန်းခဲ့တဲ့ ခရီးသည်တင်လေယာဉ်ဟာ မြေထဲပင်လယ်အတွင်း ပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၆၆ ဦးလုံး သေဆုံးခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ စုစုပေါင်း ၆၆ အနက် ခရီးသည် ၅၆ ဦး၊ လေယာဉ်အမှုထမ်း ၇ ဦးနဲ့ အီဂျစ်လုံခြုံရေးအရာရှိ ၃ ဦးတို့ ပါဝင်ကြောင်း သိရပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ယခုထိ အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးဘဲ လေယာဉ်မှူးအခန်း အသံဖမ်းစက် မှတ်တမ်းများအရ လေယာဉ်မှူးတွေဟာ မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

play


လေယာဉ်အပျက်အစီးတွေကို စစ်ဆေးမှုအရလည်း လေယာဉ်ရှေ့ပိုင်းမှ ပစ္စည်းတွေဟာ မြင့်မားတဲ့ အပူရှိန်ကြောင့် ပျက်စီးနေခဲ့ပြီး လေယာဉ်ရှေ့ပိုင်းနေရာမှာ ကျပ်ခိုးစွဲနေတဲ့ လက္ခဏာများလည်း တွေ့ခဲ့ရပါတယ်။ အီဂျစ် ခရီးသည်တင်လေယာဉ် ပျက်ကျရမှုဟာ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေရှိခဲ့ပေမဲ့ မည်သည့် အကြမ်းဖက်အဖွဲ့ကမျှ ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားမှု မရှိသေးပါဘူး။
Source & Photo:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ