International News: တောင်ကိုရီးယားမှာ ငှက်တုပ်ကွေးကြောင့် ကြက်၊ ဘဲကောင်ရေ ၄ သန်းကို သုတ်သင်ရန် ညွှန်ကြား

ငှက်တုပ်ကွေးဟာ H5N6 အမျိုးအစားဖြစ်ပြီး တောင်ကိုရီးယားမှာ ပထမဆုံးအကြိမ် တွေ့ရှိရမှုဖြစ်ပါတယ်။

play


တောင်ကိုရီးယားမှာ ငှက်တုပ်ကွေးပျံ့နှံ့ဖြစ်ပွားမှု ပုံမှန်ထက် ပိုမိုမြန်ဆန်နေမှုကို ထိန်းချုပ်နိုင်ရေးအတွက် ကြက်၊ ဘဲအကောင်ရေ အများပြားဆုံး ပမာဏကို သုတ်သင်ရှင်းလင်းရန် ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း စိုက်ပျိုးမွေးမြူးရေးဝန်ကြီးဌာနက ပြောပါတယ်။

play


အာဏာပိုင်တွေက နောက်ထပ် ကြက်၊ ဘဲအကောင်ရေ ၄ သန်းကို သုတ်သင်ရှင်းလင်းရန် ညွှန်ကြားလိုက်ရာ တောင်ကိုရီးယားမှာ နိုဝင်ဘာလလယ်မှစပြီး သုတ်သင်မှုပမာဏမှာ အကောင်ရေ ၁၆ သန်းအထိ ရှိလာမှာလည်း ဖြစ်ပါတယ်။ အဆိုပါ ပမာဏဟာ တောင်ကိုရီးယားတစ်နိုင်ငံလုံးမှာ မွေးမြူထားမှုရဲ့ ၅ ပုံ ၁ ပုံလည်း ဖြစ်ပါတယ်။

play


တောင်ကိုရီးယားမှာ ငှက်တုပ်ကွေး အလျင်အမြန် ပျံ့နှံ့ဖြစ်ပွားလာမှုကြောင့် သတိပေးချက်ကိုလည်း အမြင့်ဆုံးအဖြစ် ယမန်နေ့မှာ တိုးမြှင့်သတ်မှတ်ထားပါတယ်။ ယခု ဖြစ်ပွားနေတဲ့ ငှက်တုပ်ကွေးဟာ H5N6 အမျိုးအစားဖြစ်ပြီး တောင်ကိုရီးယားမှာ ပထမဆုံးအကြိမ် တွေ့ရှိရမှုဖြစ်ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ