International News: ပါရီတိုက်ခိုက်မှု စီစဉ်ခဲ့တဲ့ အိုင်အက်စ်များ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး

အိုင်အက်စ်သုံးဦးဟာ အနောက်အုပ်စု ပစ်မှတ်များကို တိုက်ခိုက်ရန် စီစဉ်နေခဲ့စဉ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

play
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု


ဆီးရီးယားမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ပါရီမြို့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်စီစဉ်ခဲ့သူနှစ်ဦး သေဆုံးခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့များဖြစ်တဲ့ ဆလားဂူမက်နဲ့ ဆမ်မီဂျီဒူးတို့ဟာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း ပင်တဂွန်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပါရီတိုက်ခိုက်မှုမှာပါဝင်သူများ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး


တတိယမြောက် အိုင်အက်စ်အဖွဲ့မှ သေဆုံးသူမှာ ၂၀၁၅ ခုနှစ်အတွင်း ဘယ်လ်ဂျီယံမှာ မအောင်မြင်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ဆက်နွှယ်သူဖြစ်ကြောင်း သိရပါတယ်။ ၎င်းတို့ဟာ ဆီးရီးယားမှာ ဒီဇင်ဘာ ၄ ရက်က အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။ အဆိုပါသုံးဦးဟာ အနောက်အုပ်စု ပစ်မှတ်များကို တိုက်ခိုက်ရန် စီစဉ်နေခဲ့စဉ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

play
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု


သေဆုံးခဲ့သူ သုံးဦးလုံးဟာ ဘူဘက္ကာ အယ်လ်ဟာကမ် အမည်ရှိ တူနီးရှားလူမျိုး ဦးဆောင်တဲ့ အကြမ်းဖက်အုပ်စုနဲ့ ဆက်နွှယ်သူတွေလည်း ဖြစ်ပါတယ်။ အယ်လ်ဟာကမ်ဟာလည်း နိုဝင်ဘာ ၁၆ ရက် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း ပင်တဂွန် တာဝန်ရှိသူကပြောပါတယ်။

ယခု လေကြောင်းတိုက်ခိုက်မှုဟာ အမေရိကန်ကို အကြမ်းဖက်တိုက်ခိုက်မယ့် အိုင်အက်စ်အဖွဲ့ဝင်တွေကို ရှာဖွေပစ်မှတ်ထားခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်က ပါရီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ဖော်ကြေညာထားပါတယ်။ ပါရီမြို့တိုက်ခိုက်မှုကြောင့် လူ ၁၃၀ သေဆုံးပြီး ၃၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
Source & Photo: New York Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ