International News: ဂျာမနီမှာ ၁၂ နှစ်သားက ဗုံးဖောက်ခွဲရန် ကြိုးပမ်းခဲ့

အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးဟာ ခရစ္စမတ်ဈေးတန်းကို ရောက်ရှိလာပြီး ကိုယ်တိုင်ပြုလုပ်ထားတဲ့ဗုံးကို ဖောက်ခွဲဖို့ကြိုးပမ်းခဲ့ပါတယ်။

play

ဂျာမနီနိုင်ငံ ဖရန့်ဖတ် ခရစ္စမတ်ဈေးမြင်ကွင်း


ဂျာမနီနိုင်ငံ အနောက်ပိုင်းရှိ လုဒ်ဝစ်ရှဖင်းမြို့ရဲ့ ခရစ္စမတ်ဈေးတန်းတစ်ခုမှ အသက် ၁၂ နှစ်အရွယ်မျှသာရှိတဲ့ ယောက်ျားလေးတစ်ဦးက ဗုံးဖောက်ခွဲရန် ကြိုပမ်းမှုဖြစ်ခဲ့ပါတယ်။

ဗုံးဖောက်ခွဲရန် ကြိုပမ်းခဲ့တဲ့ ၁၂ နှစ်သားဟာ အစ္စလာမစ် အစွန်းရောက်အဖွဲ့ အိုင်အက်စ်နဲ့ အဆက်အသွယ်ရှိနိုင်ကြောင်း ဂျာမန်မဂ္ဂဇင်း Focus က လုံခြုံရေးတပ်ဖွဲ့နဲ့ တရားရေးဌာန သတင်းရင်းမြစ်တွေကို ကိုးကားပြီး ယနေ့ (ဒီဇင်ဘာ ၁၆ ရက်) ဖော်ပြပါတယ်။  
အဆိုပါ ယောက်ျားလေးဟာ လုဒ်ဝစ်ရှဖင်းမြို့မှာ မွေးဖွားခဲ့သူပင်ဖြစ်ပြီး အလွန်အမင်း အစွန်းရောက် အယူအဆရှိကာ အမည်မသိနိုင်တဲ့ အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးက ၎င်းကို ညွှန်ကြားချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

play


အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်က လုဒ်ဝစ်ရှဖင်းမြို့ရှိ ခရစ္စမတ်ဈေးတန်းကို ရောက်ရှိလာပြီး ကိုယ်တိုင်ပြုလုပ်ထားတဲ့ဗုံး ထည့်သွင်းထားတဲ့ ကျောပိုးအိတ်ကို မြေပြင်မှချကာ ဖောက်ခွဲဖို့ကြိုးပမ်းခဲ့ပါတယ်။ သို့သော် စနက်တံချို့ယွင်းချက်ကြောင်း ဗုံးပေါက်ကွဲခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

play


ခရစ္စမတ်ဈေးတန်းကို လာရောက်သူတစ်ဦးက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ဖောက်ခွဲရေးပစ္စည်း ကျွမ်းကျင်သူတွေက ဗုံးကို စနက်တံဖြုတ် ရှင်းလင်းနိုင်ခဲ့ကြောင်း ဂျာမန်မဂ္ဂဇင်းက သတင်းဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါ ၁၂ နှစ်အရွယ် ယောက်ျားလေးကို ဖမ်းဆီးခဲ့ပြီး လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားကား စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ