International News: အလက်ပိုအရှေ့ပိုင်းမှာ ရွှေ့ပြောင်းမှုများ ဆိုင်းငံ့၊ တိုက်ခိုက်မှုများပြန်ဖြစ်ဟုဆို

အလက်ပိုအရှေ့ရှိ အနည်းဆုံး လူ ၆,၀၀၀ မှ ၉,၀၀၀ နီးပါး ရွှေ့ပြောင်းသွားပြီဖြစ်ပေမဲ့ နောက်ထပ် လူ ၅၀,၀၀၀ အဆိုပါ ဒေသမှာ ပိတ်မိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။

play


ဆီးရီးယားနိုင်ငံ အလက်ပိုအရှေ့ပိုင်းမှ သူပုန်များနဲ့ အရပ်သား ရွှေ့ပြောင်းနေမှု ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ ဆီးရီးယားအစိုးရကို ကူညီပေးနေတဲ့ ရုရှားနိုင်ငံက အလက်ပိုအရှေ့ပိုင်းမှ သူပုန်များနဲ့ ၎င်းတို့မိသားစုများ ရွှေ့ပြောင်းမှု ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောပါတယ်။ သို့သော် ဆီးရီးယားစစ်တပ် သတင်းရင်းမြစ်ကတော့ ရွှေ့ပြောင်းမှုတွေကို ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းကို ပြောထားပါတယ်။

အလက်ပိုအရှေ့ပိုင်းမှာ ရွှေ့ပြောင်းမှုများ ဆိုင်းငံ့


ယမန်နေ့ (ဒီဇင်ဘာ ၁၅ ရက်) မှစပြီး အလက်ပိုအရှေ့ရှိ အနည်းဆုံး လူ ၆,၀၀၀ မှ ၉,၀၀၀ နီးပါး ရွှေ့ပြောင်းသွားပြီဖြစ်ပေမဲ့ နောက်ထပ် လူ ၅၀,၀၀၀ အဆိုပါ ဒေသမှာ ပိတ်မိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။ ဆီးရီးယားအစိုးကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက အလက်ပိုအရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ခဲ့တဲ့ နေရာအားလုံးနီးပါးကို သိမ်းပိုက်ခဲ့ပြီဖြစ်ကြောင်းလည်း သိရပါတယ်။

play


ယခု သီတင်းပတ်အစောပိုင်းက အလက်ပိုအရှေ့ပိုင်းရှိ သူပုန်နဲ့ အရပ်သားများ အစ်လစ်ဘ်ပြည်နယ်သို့ ထွက်ခွာသွားရန် သဘောတူညီမှုရခဲ့ပြီး ယမန်နေ့မှ စတင်ရွှေ့ပြောင်းခဲ့ကြတာ ဖြစ်ပါတယ်။ ယနေ့ (ဒီဇင်ဘာ ၁၆ ရက်) မှာ တိုက်ခိုက်မှုများ ပြန်ဖြစ်ခဲ့ဖွယ်ရှိပြီးနောက် ရွှေ့ပြောင်းမှုတွေကို ဆိုင်းငံ့ခဲ့ကြောင်း သတင်းများထွက်ပေါ်လာပါတယ်။

play


ရုရှားရဲ့ပြောကြားမှုအရ ဆီးရီးယားစစ်တပ်က အလက်ပိုအရှေ့ပိုင်းရှိ နောက်ဆုံးလက်ကျန်သူပုန်တွေရဲ့ ခုခံမှုကို ရှင်းလင်းနေတယ်လို့ ဆိုပါတယ်။ အလက်ပိုအရှေ့ပိုင်းမှာ ပေါက်ကွဲသံတွေကြားရကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။ ဆီးရီးယားအစိုးရက သူပုန်တွေက သဘောတူညီမှုကို ချိုးဖောက်ပြီး ပစ်ခတ်မှုတွေရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အလက်ပိုအရှေ့ပိုင်းမှာ အစိုးရတပ်ဖွဲ့နဲ့ သူပုန်များကြား ၄ နှစ်ကြာ တိုက်ပွဲများကြောင့် လူပေါင်းသောင်းနဲ့ချီ သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များစွာဖြစ်ခဲ့ပါတယ်။ အဆိုပါဒေသမှာ ဆေးဝါးကုသမှု အခက်အခဲများနဲ့ အစားအစာပြတ်လပ်မှုများလည်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ