International News: တရုတ်က အမေရိကန်ရဲ့ မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ်ကို သိမ်းယူ

တရုတ်ရေတပ်က အမေရိကန်ရဲ့ မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ်ကို တောင်တရုတ်ပင်လယ်ပြင်အတွင်း ဒီဇင်ဘာ ၁၅ ရက်က ထိန်းသိမ်းရယူသွားခဲ့ပါတယ်။

play
ပင်လယ်သမုဒ္ဒရာဆိုင်ရာ သုတေသနသင်္ဘော USNS Bowditch


အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်အတွင်း တရုတ်နိုင်ငံ ထိန်းသိမ်းရယူသွားခဲ့တဲ့ မိမိတို့ရဲ့ မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ်ကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ကြောင်း အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။ တရုတ်ရေတပ်က အမေရိကန်ရဲ့ မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ်ကို တောင်တရုတ်ပင်လယ်ပြင်အတွင်း ဒီဇင်ဘာ ၁၅ ရက်က ထိန်းသိမ်းရယူသွားခဲ့တယ်လို့ ဆိုပါတယ်။

play
တောင်တရုတ်ပင်လယ်ပြင်တစ်နေရာ


အဆိုပါ ရေအောက်လေ့လာရေးယာဉ်ကို ပင်လယ်သမုဒ္ဒရာဆိုင်ရာ သုတေသနသင်္ဘော USNS Bowditch မှ ပြန်လည်ဆယ်ယူခါနီးမှာ တရုတ်က ထိန်းသိမ်းရယူသွားခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်က 'naval glider' လို့ အမည်ပေးထားတဲ့ ရေအောက် လေ့လာရေးယာဉ်ဟာ ရေမှာ ဆားဓာတ်ပါဝင်မှုနဲ့ အပူချိန်ကို စမ်းသပ်လေ့လာရန်ဖြစ်ကြောင်း သိရပါတယ်။

play
တောင်တရုတ်ပင်လယ်ပြင်အတွင်း တွေ့ရသည့် တရုတ်ရေတပ်သင်္ဘော


မောင်းသူမဲ့ ရေအောက်လေ့လာရေးယာဉ်ဖြင့် တောင်တရုတ်ပင်လယ်ပြင်အတွင်း စစ်ဘက်ဆိုင်ရာ သုတေသနပြုလုပ်ခြင်းကို တရားဝင် ဆောင်ရွက်နေခဲ့ခြင်းဖြစ်ကြောင်းလည်း အမေရိကန်တာဝန်ရှိသူက ပြောပါတယ်။ အမည်မဖော်ပြထားတဲ့ အရာရှိတစ်ဦးရဲ့ ပြောကြားမှုအရ အဆိုပါယာဉ်ကို တောင်တရုတ်ပင်လယ်ပြင်အတွင်း ဆူးဘစ်ပင်လယ်အော်ရဲ့ အနောက်မြောက်ဘက် မိုင် ၅၀ ခန့်အကွာမှာ တရုတ်က ထိန်းသိမ်းရယူသွားခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ