International News: ထိုင်းဝန်ကြီးချုပ်က အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်

ယခင်စစ်ဘက်အကြီးအကဲ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ် မေလက သွေးထွက်သံယိုမှုတွေ ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုနဲ့အတူ ထိုင်းအစိုးရကို ဦးဆောင်လာခဲ့ပါတယ်။

play


ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ၎င်းရဲ့အစိုးရအဖွဲ့ကို အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း အစိုးရပိုင် ရိုင်ရယ်ဂေဇက်ဂျာနယ်က ဒီဇင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ယခုတစ်ကြိမ် အစိုးရအဖွဲ့အပြောင်းအလဲမှာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့ကာ ပရာယွတ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း ၄ ကြိမ်မြောက်လည်း ဖြစ်လာပါတယ်။

၂၀၁၄ ခုနှစ် ထိုင်းစစ်တပ် အာဏာသိမ်းမှု


ယခင်စစ်ဘက်အကြီးအကဲ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ် မေလက သွေးထွက်သံယိုမှုတွေ ဖြစ်ခဲ့တဲ့ အာဏာသိမ်းမှုနဲ့အတူ ထိုင်းအစိုးရကို ဦးဆောင်လာခဲ့ပါတယ်။ ဝန်ကြီးချုပ်ယင်လတ်နဲ့ အရပ်သားအစိုးရကို လနဲ့ချီကြာမြင့်တဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီးနောက် နိုင်ငံမှာ အေးချမ်းတည်ငြိမ်မှု ပြန်လည် ထိန်းသိမ်းနိုင်ရန်အတွက် အာဏာသိမ်းရန် မလွဲမရှောင်သာ ဆောင်ရွက်ခဲ့ရကြောင်း ပရာယွတ်က ပြောကြားထားပါတယ်။

play


လက်ရှိမှာ စစ်တပ်အစိုးရကို ဦးဆောင်နေတဲ့ ဝန်ကြီးချုပ်ပရာယွတ်က ဝန်ကြီးနဲ့ ဒုတိယဝန်ကြီး ၁၂ ဦးကို နေရာရွှေ့ပြောင်း သို့မဟုတ် ခန့်အပ်လိုက်ကြောင်း ဒီဇင်ဘာ ၁၆ ရက် နှောင်းပိုင်းမှာ သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဝန်ကြီးအပြောင်းအလဲများအနက် တရားရေး၊ ပညာရေးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီးများ ပါဝင်ကြောင်း သိရပါတယ်။

ဝန်ကြီးချုပ်ပရာယွတ်က ယခုအကြိမ်မတိုင်မီ ၂၀၁၅ ခုနှစ် သြဂုတ်လမှာ အစိုးရအဖွဲ့ကို နောက်ဆုံးအကြိမ် အပြောင်းအလဲ ပြုလုပ်ထားခဲ့ပါတယ်။ ထိုင်းစစ်တပ်အစိုးရက ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးပြီး နိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးသွားမယ်လို့ ကတိပေးထားပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ