International News: တရုတ်လေယာဉ်တင်စစ်သင်္ဘောက ပထမဆုံးအကြိမ် လက်နက်များပစ်ခတ်လေ့ကျင့်

စစ်ရေးလေ့ကျင့်မှုဟာ လက်နက်စွမ်းရည်စမ်းသပ်ခြင်းနဲ့ စစ်သည်များ လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရပါတယ်။

play


တရုတ်နိုင်ငံရဲ့ ပထမဆုံး လေယာဉ်တင်စစ်သင်္ဘောက လက်နက်များပစ်ခတ်လေ့ကျင့်မှု ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။ လေယာဉ်တင်စစ်သင်္ဘောမှ လက်နက်များပစ်ခတ်လေ့ကျင့်မှုကို ကိုရီးယားကျွန်းဆွယ်အနီး ဘိုဟိုင်းပင်လယ်ပြင်မှာ ပြုလုပ်ခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။


လေယာဉ်တင်စစ်သင်္ဘောနဲ့ တိုက်လေယာဉ် ၁၀ စီးက ဝေဟင်မှဝေဟင်၊ ဝေဟင်မှပင်လယ်ပြင်နဲ့ ပင်လယ်ပြင်မှဝေဟင် တိုက်ပွဲပုံစံများကို လေ့ကျင့်ခဲ့ကြောင်း တရုတ်အစိုးရသတင်းက ဖော်ပြပါတယ်။ ယခု လေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံက စစ်အင်အား တိုးချဲ့ချထားလာမှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

play


ဒေသတွင်း နိုင်ငံအချို့က တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိပေမဲ့ ဘိုဟိုင်ပင်လယ်ပြင်ကိုတော့ အခြားနိုင်ငံတွေက ပိုင်ဆိုင်ကြောင်း ပြောကြားထားခြင်း မရှိပါဘူး။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ စစ်ရေးလေ့ကျင့်မှုဟာ လက်နက်စွမ်းရည်စမ်းသပ်ခြင်းနဲ့ စစ်သည်များလေ့ကျင့်ခြင်းဖြစ်ကြောင်း သိရပါတယ်။

တရုတ်အစိုးရပိုင် CCTV သတင်းမှာ ဖော်ပြမှုများအရ လေယာဉ်တင်စစ်သင်္ဘော Liaoning ပေါ်မှ တိုက်လေယာဉ်များ ပျံတက်သွားခဲ့ပြီး ဒုံးကျည်များ ပစ်လွှတ်ကာ ပင်လယ်ပြင်အတွင်း ပစ်မှတ်တစ်ခုကို ပစ်ခတ်ခဲ့တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံက ၎င်းရဲ့ လေယာဉ်တင်စစ်သင်္ဘော Liaoning ဟာ တိုက်ပွဲဝင်ရန် အသင့်အနေအထား ရှိနေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့လအတွင်း ကြေညာခဲ့ပါတယ်။
Source & Photo: CCTV, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ