International News: တောင်ကိုရီးယားသမ္မတကို ထောက်ခံဆန္ဒပြမှုနဲ့ နုတ်ထွက်ရန်ဆန္ဒပြမှု အုပ်စုနှစ်ခုဖြစ်လာ

အခြေခံဥပဒေခုံရုံးက လွှတ်တော်မဲခွဲဆုံးဖြတ်မှုကို အတည်ပြုခဲ့ပါ ပတ်ဂွန်ဟေးမှာ သမ္မတအဖြစ်မှ နုတ်ထွက်ရမှာ ဖြစ်ပါတယ်။

play
တောင်ကိုရီးယားသမ္မတကို ထောက်ခံကြောင်း ဆန္ဒပြသူများ


တောင်ကိုရီးယားနိုင်ငံမှာ သမ္မပတ်ဂွန်ဟေးကို ထောက်ခံဆန္ဒပြမှုနဲ့ ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြမှုများ ပြုလုပ်ကြကြောင်း သိရပါတယ်။ ပတ်ဂွန်ဟေးကို စွဲချက်တင်ပြီး သမ္မတအဖြစ်မှ ဖယ်ရှားရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) မှာ သူမကိုထောက်ခံသူတွေက စုရုံးချီတက် ဆန္ဒပြခဲ့ကြပါတယ်။

play
တောင်ကိုရီးယားသမ္မတကို ထောက်ခံကြောင်း ဆန္ဒပြသူများ


သမ္မတပတ်ဂွန်ဟေးကို ထောက်ခံသူတွေက ရှေးရိုးစွဲဝါဒရှိတဲ့ ကွန်ဆာဗေးတစ်များ ဖြစ်ကြပြီး ၎င်းတို့ဟာ အခြေခံဥပဒေခုံရုံးအနီး ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ထို့အတူ သမ္မပတ်ဂွန်ဟေးကို ရာထူးမှ ချက်ချင်းနုတ်ထွက်ရန် တောင်းဆိုနေသူတွေကလည်း ယနေ့နှောင်းပိုင်းမှာလည်း ၈ ပတ်ဆက်တိုက်အဖြစ် ဆန္ဒပြရန် စီစဉ်ထားပါတယ်။

play
တောင်ကိုရီးယားသမ္မတကို ထောက်ခံကြောင်း ဆန္ဒပြသူများ


သမ္မတပတ်ဂွန်ဟေးကို စွဲချက်တင်ရန် လွှတ်တော်က ဒီဇင်ဘာ ၉ ရက်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် သူမရဲ့ လုပ်ပိုင်ခွင့်အာဏာကို ဆိုင်းငံ့ထားတာလည်း ဖြစ်ပါတယ်။ အကယ်၍ အခြေခံဥပဒေခုံရုံးက လွှတ်တော်မဲခွဲဆုံးဖြတ်မှုကို အတည်ပြုခဲ့ပါ ပတ်ဂွန်ဟေးမှာ သမ္မတအဖြစ်မှ နုတ်ထွက်ရမှာဖြစ်ပြီး သက်တမ်းမပြည့်မီ ရာထူးမှနုတ်ထွက်ရတဲ့ ပထမဆုံး ရွေးကောက်ခံသမ္မတလည်း ဖြစ်လာမှာပါ။

play
တောင်ကိုရီးယားသမ္မတကို ထောက်ခံကြောင်း ဆန္ဒပြသူများ


အသက် ၆၄ နှစ်အရွယ် သမ္မတပတ်ဂွန်ဟေးဟာ သူငယ်ချင်းဖြစ်သူကို နိုင်ငံရေးမှာ စွက်ဖက်ခွင့်ပြုခဲ့ရာက အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေး ပေါ်ပေါက်လာခဲ့ပါတယ်။ သမ္မတပတ်ဂွန်ဟေး ရာထူးမှ နုတ်ထွက်ခဲ့ရပါက တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရက် ၆၀ အတွင်း သမ္မတသစ်ရွေးကောက်ပွဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ယခုနှစ်ကုန်မှာ ရာထူးသက်တမ်းပြီးဆုံးမယ့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားထားပါတယ်။
Source & Photo: Reuters

ပတ်ဂွန်ဟေး သမ္မတအဖြစ် ဆက်ရှိနိုင်မလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ