International News: တူရကီမှာ တက္ကသိုလ်အနီး ကားဗုံးပေါက်ကွဲမှုကြောင့် စစ်သား ၁၃ ဦး သေဆုံး

ပေါက်ကွဲမှုဟာ ဒီဇင်ဘာ ၁၀ ရက်က အစ္စတန်ဘူလ်ရှိ နေရာနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုပုံစံမျိုး ဖြစ်ပါတယ်။

play


တူရကီနိုင်ငံအလယ်ပိုင်း ကေဆာရီမြို့မှာ ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဘတ်စ်ကားတစ်စီးကို ထိမှန်ခဲ့မှုကြောင့် စစ်သား ၁၃  ဦး သေဆုံးပြီး ၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) ပေါက်ကွဲမှုဟာ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက အစ္စတန်ဘူလ်ရှိ နေရာနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုပုံစံမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

တူရကီအလယ်ပိုင်း ကားဗုံးပေါက်ကွဲမှု


ဒီဇင်ဘာ ၁၀ ရက် အစ္စတန်ဘူလ် ဗုံးပေါက်ကွဲမှုကြောင့် လူ ၄၄ ဦး သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ယနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကို ပြုလုပ်ခဲ့ကြောင်း မည်သည့်အဖွဲကမှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ သို့သော် တူရကီ ဒုတိယဝန်ကြီးချုပ် ဗီစီကေနက်ခ်ကတော့ ဘတ်စ်ကားတိုက်ခိုက်ခံရမှုနဲ့ အစ္စတန်ဘူလ် အားကစားကွင်းအပြင်ဘက်မှာ ဗုံးနှစ်လုံး ပေါက်ကွဲမှုတွေဟာ ဆက်စပ်မှုရှိကြောင်း ပြောပါတယ်။

play


ဘတ်စ်ကားဟာ ဖောက်ခွဲရေးပစ္စည်းများ တင်ဆက်ထားတဲ့ ကားတစ်စီးအနီး ဖြတ်သန်းသွားစဉ် ပေါက်ကွဲမှုထိမှန်ခဲ့ကြောင်း တူရကီသတင်းဌာန ဒိုဂန်က ဖော်ပြပါတယ်။

play

ကေဆာရီမြို့ရှိ Erciyes တက္ကသိုလ်အပြင်ဘက် ဘတ်စ်ကားမှတ်တိုင်မှာ ကားဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။ တူရကီမှာ ယခုနှစ်အတွင်း အလားတူ ပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိရာ အများပြည်သူကြား ဒေါသထွက် စိုးရိမ်ပူပူန်မှုတွေ ပိုမိုမြင့်တက်လာစေပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ကာ့ဒ်စစ်သွေးကြွအုပ်စု Kurdistan Freedom Falcons (TAK) က ပြောကြားထားပြီး ယနေ့ ကားဗုံးပေါက်ကွဲမှုကိုလည်း ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိခဲ့ပါတယ်။
Source & Photo: Reuters, BBC, RT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ