International News: ပါပူးအာနယူးဂီနီမှာ ငလျင်ကြီးလှုပ်ပြီး ဆူနာမီရေလှိုင်းသတိပေးချက် ထုတ်ပြန်

ငလျင်ဟာ ပါပူးအာနယူးဂီနီနိုင်ငံ ရက်ဘာအူလ်မြို့အရှေ့ဘက် ၉၈ မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ပါတယ်။

  play


ပါပူးအာနယူးဂီနီနိုင်ငံမှာ ပြင်းအားအဆင့် ၇.၉ ရစ်ခ်ျတာစကေးရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီး ,လှုပ်ခတ်ခဲ့ပြီးနောက် အဆိုပါဒေသမှာ ဆူနာမီရေလှိုင်းများ တက်ရောက်နိုင်တဲ့ သတိပေးချက် ထုတ်ပြန်ထားရကြောင်း သိရပါတယ်။

ငလျင်ဟာ ပါပူးအာနယူးဂီနီနိုင်ငံ ရက်ဘာအူလ်မြို့အရှေ့ဘက် ၉၈ မိုင်အကွာမှာ ဗဟိုပြုပြီး ယနေ့  (ဒီဇင်ဘာ ၁၇ ရက်) လှုပ်ခတ်ခဲ့ကြောင်း U.S. Geolgical Survey (USGS) ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ အစောပိုင်းမှာ ငလျင်ပြင်းအားကို ၈.၀ ရစ်ခ်ျတာစကေးအဖြစ် ဖော်ပြခဲ့ပေမဲ့ နောက်ပိုင်းမှာ ၇.၉ အဖြစ် USGS က ပြောင်းလဲခဲ့ပါတယ်။

ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆူနာမီရေလှိုင်း အန္တရာယ်သတိပေးချက်ကို ပစိဖိတ် ဆူနာမီသတိပေးစင်တာ (Pacific Tsunami Warning Center - PTWC) က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ပါပူးအာနယူးဂီနီ၊ အင်ဒိုနီးရှား၊ နယူးဇီလန်၊ ဆော်လမန်ကျွန်းစု၊ ဖိုပီ၊ ချွတ်ခ်၊ နာအူရူ၊ ကော့စ်ရိုင်နဲ့ ဗင်နွာတူတို့ ကမ်းရိုးတန်းတို့မှာ ဆူနာမီရေလှိုင်းများ နောက်သုံးနာရီအတွင်း တက်ရောက်လာနိုင်ကြောင်း PTWC က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Update - ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ ထပ်မံသိရှိရတဲ့ သတင်းများအရ ဆူနာမီရေလှိုင်းသတိပေးချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
Source & Photo: USGS, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ