International News: အာဖဂန်မှာ လေဆိပ်လုံခြုံရေး အမျိုးသမီးဝန်ထမ်းများ ပစ်သတ်ခံရ

, updated

လေဆိပ် လုံခြုံရေးအဖြစ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးဝန်ထမ်းတွေဟာ အမျိုးသမီးများဖြစ်လင့်ကစား ထိုကဲ့သို့အလုပ်အကိုင် လုပ်ကိုင်နေခြင်းအပေါ် မနှစ်သက်သူများထံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိခဲ့ပါတယ်။

play


အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာလေဆိပ်မှာ အမျိုးသမီး လုံခြုံရေးဝန်ထမ်းငါးဦးကို သေနတ်သမားတွေက ပစ်သတ်ခဲ့ကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ အမျိုးသမီး လုံခြုံရေးဝန်ထမ်းတွေက ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) မနက်ပိုင်းမှာ လေဆိပ်လုပ်ငန်းခွင်ကို လာရောက်စဉ် ၎င်းတို့ရဲ့ကားကို မော်တော်ဆိုင်ကယ်စီးနင်းလာတဲ့ သေနတ်သမားနှစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကန်ဒါဟာအုပ်ချုပ်ရေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆမီးအက်ခ်ဟောဝက်က ပြောပါတယ်။

play
ကန်ဒါဟာလေဆိပ်


ပစ်ခတ်တိုက်ခိုက်မှုကြောင့် လေဆိပ်လုံခြုံရေးဝန်ထမ်း အမျိုးသမီးငါးဦး သေဆုံးခဲ့ပြီး ၎င်းတိုရဲ့ကားမောင်းသူလည်း သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ လုံခြုံရေးဝန်ထမ်း အမျိုးသမီးတွေဟာ လေဆိပ်မှာ အမျိုးသမီးခရီးသည်တွေကို ရှာဖွေစစ်ဆေးတဲ့ တာဝန်ယူထားသူတွေ ဖြစ်ပါတယ်။ ယနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း မည်သည့်အဖွဲ့ကမျှ ပြောကြားထားခြင်း မရှိသေးပါဘူး။ သို့သော် အာဖဂန် တာလီဘန်အုပ်စုက အမျိုးသမီးတွေကို မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိကြောင်း သိရပါတယ်။

play


လေဆိပ် လုံခြုံရေးအဖြစ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးဝန်ထမ်းတွေဟာ အမျိုးသမီးများဖြစ်လင့်ကစား ထိုကဲ့သို့အလုပ်အကိုင် လုပ်ကိုင်နေခြင်းအပေါ် မနှစ်သက်သူများထံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ လက်ခံရရှိခဲ့ပြီးနောက် ၎င်းတို့ရဲ့လုံခြုံရေးအတွက် စိုးရိမ်ခဲ့ကြကြောင်း ကန်ဒါဟာလေဆိပ် ညွှန်ကြားရေးမှူး အာမက်ဒူလာဖိုင်ဇီက ပြောကြားပါတယ်။

ယခုဖြစ်ရပ်ကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီဖြစ်ပြီး သံသယရှိသူတွေကို ဖမ်းဆီးမှုတော့ မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။ အာဖဂန် ရှေ့နေချုပ်ရုံးရဲ့ စာရင်းများအရ ယခုနှစ် ပထမ ၈ လအတွင်း အမျိုးသမီးများကို အကြမ်းဖက်တိုက်ခိုက်မှု ၃,၇၀၀ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အလားတူ အမှုမျိုး ၅,၀၀၀ ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ