International News: စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ပိုလန်လွှတ်တော်ကို ပိတ်ဆို့ဆန္ဒပြ

ပိုလန်ရဲ့ လက်ယာစွန်းဝါဒီ အစိုးရက လွှတ်တော်အတွင်း သတင်းယူနိုင်တဲ့ သတင်းထောက် အရေအတွက်ကို ကန့်သတ်လိုတာ ဖြစ်ပါတယ်။

play


ပိုလန်နိုင်ငံ ဝါဆောမြို့မှာ ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အအုံကို ပိတ်ဆို့ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ လွှတ်တော်မှာ သတင်းရယူမှုနဲ့ ပတ်သက်ပြီး ကန့်သတ်သွားမယ့် စည်းမျဉ်းများကိုဆန့်ကျင်တဲ့ အတိုက်အခံ လွှတ်တော်အမတ်တွေကို အားပေးထောက်ခံမှုအဖြစ် ဒီဇင်ဘာ ၁၅ ရက် ညပိုင်းက ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ပိုလန်လွှတ်တော် အဆောက်အအုံမှာ ဆန္ဒပြမှု


ရဲတပ်ဖွဲ့က လွှတ်တော်မှ အစိုးရတာဝန်ရှိသူတွေက ထွက်ခွာနိုင်ရန် ဆန္ဒပြသူတွေကို ပိတ်ဆို့ဟန့်တားပြီး လမ်းရှင်းပေးခဲ့ရပါတယ်။ ပိုလန်ရဲ့ လက်ယာစွန်းဝါဒီ အစိုးရက လွှတ်တော်အတွင်း သတင်းယူနိုင်တဲ့ သတင်းထောက် အရေအတွက်ကို ကန့်သတ်လိုတာ ဖြစ်ပါတယ်။ လွှတ်တော် အဆောက်အအုံအတွင်းမှာလည်း အတိုက်အခံ အမတ်တွေက အစိုးအရအသုံးစရိတ် မဲခွဲဆုံးဖြတ်မှုကို ဆန္ဒပြခဲ့ကြပါတယ်။

play


အစိုးရဟာ လာမယ့်နှစ် အစိုးရအသုံးစရိတ်ကို ဥပဒေနဲ့မကိုက်ညီဘဲ သောကြာနေ့ (ဒီဇင်ဘာ ၁၆ ရက်) ညနေပိုင်းက အတည်ပြုနိုင်ရန် လွှတ်တော်အခန်းငယ်တစ်ခုမှာ မဲခွဲစေခဲ့ကာ သတင်းထောက်များ သတင်းရယူနိုင်ခြင်း မရှိအောင်လည်း လုပ်ဆောင်ခဲ့ကြောင်း အတိုက်အခံတွေက စွပ်စွဲထားပါတယ်။

play


အတိုက်အခံတွေက အစိုးရအသုံးစရိတ် မဲခွဲဆုံးဖြတ်မှုကို လွှတ်တော်ရဲ့ အဓိကခန်းမကြီးမှာ လာမယ့် သီတင်းပတ်အတွင်း ပြန်လည် ပြုလုပ်ရန် တောင်းဆိုထားပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ