International News: ရုရှားစစ်ဘက်လေယာဉ် ပျက်ကျပြီး အနည်းဆုံး ၂၇ ဦး သေဆုံး

သုံးပိုင်း ပြတ်သွားခဲ့ပါတယ်။

play
Ilyushin IL-18 အမျိုးအစား လေယာဉ်တစ်စီးကို တွေ့ရစဉ်

 

ရုရှားနိုင်ငံ ဆိုက်ဘီးရီးယားဒေသ ယာကုတီအာမြို့အနီးမှာ စစ်ဘက်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာမှ အနည်းဆုံး ၂၇ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ လေယာဉ်ပေါ်မှာ စုစုပေါင်း လူ ၃၂ ဦး လိုက်ပါခဲ့ပြီး ယင်းတို့အနက် ၇ ဦးကတော့ လေယာဉ်ဝန်ထမ်းတွေဖြစ်ပါတယ်။

တနင်္လာမနက်အစောပိုင်း (ဒီဇင်ဘာ ၁၉ ရက်)က Ilyushin IL-18 အမျိုးအစား လေယာဉ်ဟာ ကော့တ်ဆိုဗိုလေဆိပ်ကနေ ထွက်ခွာပြီး သိပ်မကြာမီမှာပဲ ပျက်ကျသွားခဲ့တာပါ။ လေယာဉ်ပျက်ကျရာနေရာရှိ ရာသီဥတုအခြေအနေက ဆိုးရွားလွန်းနေခဲ့တယ်လို့ သတင်းရရှိပါတယ်။ လေယာဉ်ဟာ သုံးပိုင်းပြတ်သွားခဲ့တဲ့အထိ ဆိုးဆိုးရွားရွားဖြစ်သွားခဲ့ပြီး မီးလောင်ပေါက်ကွဲတာမျိုးတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း လိုက်ပါလာသူတွေ ၃၂ ဦးမှာ ၅ ဦးသာ အသက်ရှင်တယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြထားပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ