International News: ကလေးစီးယာဉ်တွေစီးပြီး ပျော်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကမ်မရွန်

သူ့ကြည့်ရတာ အေးချမ်းလှပါတယ်။

play

 

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကမ်မရွန်ဟာ သမီးဖြစ်သူကို ခရစ္စမတ်အထိမ်းအမှတ်အဖြစ် ပြင်ဆင်မှုတွေလုပ်ထားတဲ့ Hyde Park အပန်းဖြေဥယျာဉ်ကို ခေါ်သွားခဲ့တာဖြစ်ပြီး လူကြီးစီးယာဉ်တွေမစီးဘဲ ကလေးငယ်တွေအတွက် သတ်မှတ်ထားတဲ့ယာဉ်တွေကို စီးနေခဲ့ပါတယ်။

ကလေးစီး ရိုလာကိုစတာကို စီးနေပေမဲ့လည်း သူဟာ နည်းနည်းတောင် ကြောက်လန့်သွားပုံရတာကို မြင်တွေ့ရပါတယ်။

ဒေးဗစ်ဟာ သမီးငယ်နဲ့အတူ အရုပ်ချားလည်း စီးခဲ့ပါသေးတယ်။

play

 

လန်ဒန်မြို့ Hyde Park ရှိ Winter Wonderland ဟာ ပွဲတော်ကာလမှာ အခမဲ့ဝင်ရောက်နိုင်ပြီး မိသားစုများအနေနဲ့ ရေခဲပြင်စကိတ်စီးနိုင်သလို ဆပ်ကပ်ပွဲလည်း ကြည့်နိုင်ပြီး စားသောက်ဖွယ်ရာ နမူနာတွေကိုလည်း စားသုံးနိုင်ပါတယ်။

အသက် ၁၂ နှစ်အရွယ် နန်စီ၊ အသက် ၁၀ နှစ်အရွယ် အာသာနဲ့ အသက် ၆ နှစ်အရွယ် ဖလောရန့်စ်ဆိုတဲ့ ကလေးသုံးယောက်ရှိတဲ့ ဒေးဗစ်ကမ်မရွန်ဟာ သူ့ရဲ့အားလပ်ချိန်တွေမှာ ငှက်ပစ်ပြန်ထွက်နေတယ်လို့သိရပါတယ်။

ဒေးဗစ်ဟာ ငှက်ပစ်ခြင်းကို ၁၀ စုနှစ်တစ်စုလောက် ရပ်နားထားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ငါးလအတွင်းမှာ နှစ်ကြိမ် ငှက်ပစ်ထွက်ခဲ့တယ်လို့လည်း သိရပါတယ်။

play

 

ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်ပြီးနောက် ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်ဟာ သူ့ရဲ့ရာထူးကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

"သာမန်လူထုအကျိုးကို ရည်မျှော်တဲ့ဝါဒ မြင့်တက်လာတဲ့အတွက် ကျွန်တော့်ရဲ့အလုပ်ဆုံးရှုံးလိုက်ရတယ်။ လူတွေ ဘာလိုချင်တယ်ဆိုတာကို ကျွန်တော်တို့ နားထောင်ဖို့ လိုအပ်ပါတယ်" လို့ ဝန်ကြီးချုပ်ဟောင်းက အမေရိကန်တက္ကသိုလ်တစ်ခုတွင် မိန့်ခွန်းပြောကြားစဉ်က ပြောကြားခဲ့ဖူးပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ