International News: ကလေးအစစ်နဲ့မခြား တူလွန်းတဲ့အရုပ်တွေ လုပ်မိလို့ ရဲစခန်းရောက်ခဲ့ရသူ

ကလေးတွေကို လူကုန်ကူးနေပါတယ်လို့ ရဲကိုဖုန်းဆက်တိုင်တာခံခဲ့ရတာပါ။

play

 

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်သူတစ်ဦးဟာ ကလေးတွေရဲ့ ပုံစံတူ အရွယ်အစားတူ အရုပ်တွေကို ဖန်တီးပြီး အွန်လိုင်းမှာ ရောင်းချနေရာကနေ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခံလိုက်ရပါတယ်။ သူမရဲ့လက်ရာက ပီပြင်လွန်းတော့ ကလေးတွေကို လူကုန်ကူးနေတယ်အမှတ်နဲ့ ရဲက ခေါ်ယူစစ်ဆေးမေးမြန်းခဲ့တာပါ။

play

 

ကေသီကတ်ဒဲလ်နဲ့ညီမဖြစ်သူဟာ မွေးကင်းစကလေးတွေနဲ့ ပုံစံတူအရုပ်တွေကို အနုစိတ်ပြုလုပ်ပြီး အင်တာနက်အရောင်းအဝယ်ဝက်ဘ်ဆိုက် ebay ပေါ်မှာ ဓာတ်ပုံပြသကာ ရောင်းချခဲ့ကြပါတယ်။ ကလေးရုပ်လေးတွေကိုလည်း နာမည်တွေပေးပြီးရောင်းချနေတာဖြစ်ကာ နောက်ဆုံးဒီဇိုင်း "အီသန်" ဆိုရင် အတော်လေး ရောင်းရတယ်လို့ သိရပါတယ်။

play

 

အရုပ်တစ်ရုပ်ကို တန်ဖိုးငွေ ဒေါ်လာ ၂၀၀ မှ ဒေါ်လာ ၅၀၀ အထက် နဲ့ ရောင်းချနေတာဖြစ်ပြီး ဒါကိုပဲ အမည်မဖော်လိုသူတစ်ဦးက ကေသီတို့ညီအစ်မ ကလေးတွေကို လူကုန်ကူးနေပါတယ်လို့ ရဲကိုဖုန်းဆက်တိုင်ကြားခဲ့တာပါ။ ရဲစခန်းကို ကလေးတစ်ပွေ့တစ်ပိုက်နဲ့ ရောက်လာတဲ့ ကေသီက အရုပ်တွေဖြစ်ကြောင်း သက်သေပြကာ သူမရဲ့စီးပွားရေးကို ရှင်းပြနိုင်ခဲ့ပေမဲ့ ရဲတွေမှာတော့ အလုပ်ရှုပ်သွားခဲ့ရပါတယ်။

Source : Fox 8 News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ