International News: ဆေးကြောသန့်စင်ရည်ကို အရက်မှတ်ပြီးသောက်သုံးသူ ၂၅ ဦး သေဆုံး

နောက်ထပ် ၁၇ ဦးကိုလည်း ဆေးရုံမှာ တင်ထားရပြီး အခြေအနေက စိုးရိမ်ရလို့ စောင့်ကြပ်ကုသနေရပါတယ်။

play

 

ရေချိုးဖို့နဲ့ဆေးကြောတဲ့နေရာမှာ အသုံးပြုတဲ့အရည်ကို အရက်အနေနဲ့ သောက်သုံးခဲ့ကြတဲ့ ရုရှားနိုင်ငံက အမျိုးသမီး၊ အမျိုးသား ၂၅ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ယင်းအရည်ထဲမှာ မက်သနော (မီသိုင်း အယ်လ်ကိုဟော) ပါဝင်နေတာ ဖြစ်ပါတယ်။ နောက်ထပ် ၁၇ ဦးကိုလည်း ဆေးရုံမှာ တင်ထားရပြီး အခြေအနေက စိုးရိမ်ရလို့ စောင့်ကြပ်ကုသနေရပါတယ်။

play

 

Boyaryshnik အမည်ရှိ ဆေးကြောသန့်စင်ရည်ကို အယ်လ်ကိုဟောဓာတ် ပါဝင်တဲ့ အပင်တွေနဲ့ ထုတ်လုပ်ထားတယ်လို့လည်း သိရပါတယ်။ ရုရှားပြည်တွင်း ဈေးဆိုင်ပေါင်း ၁၀၀ ကျော်မှာ လက်ရှိ ရောင်းချနေဆဲဖြစ်ကာ ဆေးကြောသန့်စင်ဖို့အတွက်လို့ ရောင်းချတာဖြစ်ပေမဲ့ အရက်သောက်ချင်စိတ် များပြားနေတဲ့အခါ ဆေးကြောသန့်စင်ရည်ကိုပဲ သောက်ခဲ့ကြတာဖြစ်ပါတယ်။ ယင်းအရည်ကို သောက်သုံးသူ ၄၂ ဦးလုံးကို ဆေးရုံကို တင်ပို့ခဲ့တာဖြစ်ပေမဲ့ ၂၅ ဦးက သေဆုံးသွားရတာဖြစ်ကြောင်း သတင်းရရှိပါတယ်။

Source : Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ