International News: တူရကီရောက်နေတဲ့ ရုရှားသံတမန်ကို တူရကီရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်

ဆီးရီးယားစစ်ပွဲအတွင်း ရှုရှားရဲ့ပါဝင်ပတ်သက်မှုအတွက် လက်တုန့်ပြန်တာလို့ ဆိုပါတယ်။

Russian ambassador killed in Turkey
play

 

တူရကီနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားသံတမန်တစ်ဦးကို တူရကီရဲအရာရှိတစ်ဦးက လူပုံအလယ်မှာ သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။ အဆိုပါရဲအရာရှိဟာ " အယ်လက်ပိုကို မမေ့ကြနဲ့၊ ဆီးရီးယားကို မေ့မနေကြနဲ့" လို့ အော်ဟစ်ခဲ့ကြောင်း သိရပါတယ်။

play

 

ဆီးရီးယားနိုင်ငံကို ထိုးစစ်ဆင်နေတဲ့ အရေးနဲ့ပတ်သက်ပြီး ရုရှားရဲ့ ပါဝင်ပတ်သက်မှုအတွက် လက်တုန့်ပြန်တာလို့ အကြမ်းဖျင်း ခန့်မှန်းရပါတယ်။ အင်ကာရာမြို့ရဲ့ အနုပညာပြခန်းအတွင်း ရောက်ရှိစကားပြောစဉ်မှာ ရုရှားသံတမန် အင်ဒရေကားလော့ဗ်ကို တူရကီရဲအရာရှိ မက်ဗလက်တ်က ပစ်သတ်လိုက်တာဖြစ်ပါတယ်။ အဆိုပါလူသတ်မှုကို ကျူးလွန်ခဲ့တဲ့ ရဲအရာရှိအပါအဝင် မိသားစုဝင်တွေအားလုံးကိုလည်း အာဏာပိုင်တွေက ထိန်းသိမ်းထားပြီလို့ သိရပါတယ်။

play

 

သံတမန်ကို ပစ်သတ်လိုက်တဲ့မြင်ကွင်းဟာ ရုပ်သံမှာ တိုက်ရိုက်ထုတ်လွှင့်နေစဉ် တစ်စိတ်တစ်ပိုင်းပါဝင်သွားခဲ့ပါသေးတယ်။ ရဲအရာရှိဟာ ဘယ်အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်နေလဲဆိုတာကိုတော့ စုံစမ်းဖော်ထုတ်နေဆဲ ဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်အတွက် ရုရှား စုံစမ်းစစ်ဆေးရေးအဖွဲ့လည်း တူရကီကို ချက်ချင်းရောက်လာခဲ့ပြီဖြစ်တယ်လို့ သမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဒီမစ်ထရီပက်စ်ကော့ဗ်က ပြောပါတယ်။

Source : Sky News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ