International News: ဘာလင်မြို့ ခရစ္စမတ်ဈေးအတွင်း လူစည်ကားသည့်နေရာကို ထရပ်ကားဖြင့် ဝင်တိုက်

အနည်းဆုံး ၁၂ ဦးသေဆုံးသွားပြီး လူပေါင်း ၅၀ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Berlin truck drives into people at Christmas market

ဂျာမနီနိုင်ငံ ဘာလင်မြို့အတွင်း လူစည်ကားရာ ခရစ္စမတ်ဈေးတစ်ခုအတွင်းကို ထရပ်ကားနဲ့ ဝင်တိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူပေါင်း ၁၂ ဦး သေဆုံးပြီး ၅၀ ဦးခန့် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

play

 

ထရပ်ကားဟာ အရှိန်လုံးမဝ မလျှော့ခဲ့ဘဲ ဈေးဝယ်သူတွေနဲ့ စည်ကားနေတဲ့နေရာကို အရှိန်နဲ့ ဝင်လာတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေကဆိုပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ချေရှိတယ်လို့ ပြည်တွင်းမီဒီယာ အချို့က သုံးသပ်ထားပါတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့လယ် ကိုင်ဆာဝီလ်ဟမ်းဘုရားကျောင်း အနီးအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ထရပ်ကားမောင်းသူကိုတော့ ဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တစ်ဦးလည်း ကားတိုက်မှုအတွင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

play

 

ထရပ်ကား ဒရိုင်ဗာဟာ လူအုပ်ထဲကို အတင်းမောင်းဝင်လာပြီး မြင်မြင်သမျှ အရာတွေကို ဝင်တိုက်ပစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ခရစ္စမတ်ဈေးအတွင်း လူအစည်ကားဆုံးအချိန်မှာ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထရပ်ကားနံပါတ်ဟာ ပိုလန်နံပါတ်ဖြစ်ပြီး အဆိုပါ ထရပ်ကားဟာလည်း ပြန်ပေးဆွဲခံလာရတယ်လို့ ယုံကြည်ရပါတယ်။ ဘာလင်မြို့ အခြားနေရာတွေမှာ အခြား အကြမ်းဖက် တိုက်ခိုက်ခံရမှု အရိပ်အယောင် မတွေ့ရပေမဲ့ ဖြစ်နိုင်ရင် အိမ်ထဲမှာသာ နေကြဖို့ အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။

Source : Sky News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ