International News: ပတ်ဂွန်ဟေးကို ကြာသပတေးနေ့မှာ စတင်စစ်ဆေးမည်

အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ရင်တော့ ရက် ၆၀ အတွင်း သမ္မတသစ် ရွေးကောက်ပွဲ ပြုလုပ်ရမှာပါ။

play

 

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ကြာသပတေးနေ့မှာ စတင်ကြားနာစစ်ဆေးတော့မယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့က လွှတ်တော်မှာ ပတ်ဂွန်ဟေးကိုစွဲချက်တင်ရေး မဲခွဲဆုံးဖြတ်မှုအပြီး စွဲချက်တင်ဖို့ ဖြစ်လာခဲ့တာပါ။ စွဲချက်တင်ဖို့မဲပေးသည့်နေ့မှစပြီး ရက်ပေါင်း ၁၈၀ကြာ  စစ်ဆေးမေးမြန်းကြမှာဖြစ်ပါတယ်။

အမှုကိုကြားနာမယ့် တရားသူကြီး ကိုးဦးက သူမမှာအပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ရင်တော့ ရက် ၆၀ အတွင်း သမ္မတသစ် ရွေးကောက်ပွဲ ပြုလုပ်ရမှာပါ။ သမ္မတသစ်တင်မြှောက်ရမယ်ဆိုရင် ပတ်ဂွန်ဟေးဟာ တောင်ကိုရီးယားနိုင်ငံသမိုင်းမှာ ဒီမိုကရေစီနည်းကျကျရွေးကောက်ထားတဲ့ ခေါင်းဆောင်ကို ပထမဆုံးအကြိမ် ရာထူးကဖယ်ရှားခံရတဲ့ သမ္မတလည်း ဖြစ်လာပါလိမ့်မယ်။ ပတ်ဂွန်ဟေးဟာ နိုင်ငံရေးမှာ သူငယ်ချင်းတစ်ဦးကို ဝင်ရောက်စွက်ဖက်စေခဲ့သလို ဘဏ္ဍာရေးပိုင်းဆိုင်ရာ အရှုပ်အထွေးတွေ ဖြစ်ပေါ်စေခဲ့တာကြောင့် သူမကို သမ္မတနေရာက နုတ်ထွက်ပေးရေးကိုလည်း ပြည်သူတွေက ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

Source : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ