International News: ကွာရှင်းပြီးနောက်အိမ်ထောင်ပြုတဲ့ ဇနီးသည်ကို တာလီဘန်များက သေနတ်ဖြင့်ပစ်သတ်

ကွာရှင်းခွင့်ကို သူမရဲ့ ခင်ပွန်းကလည်း ကန့်ကွက်ခဲ့ပါသေးတယ်။

play

 

ခင်ပွန်းသည်နဲ့ ကွာရှင်းပြီးတဲ့နောက်မှာ  နောက်အိမ်ထောင်ထပ်ပြုခဲ့တဲ့ အာဖဂန်အမျိုးသမီးတစ်ဦးကို တာလီဘန်လက်နက်ကိုင်တွေက သတ်ဖြတ်လိုက်ကြောင်း သိရပါတယ်။

အာဖဂန်နစ္စတန်အနောက်မြောက်ပိုင်း ဘတ်ဂီးစ်ပြည်နယ်မှာ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ အမျိုးသမီးရဲ့ ခင်ပွန်းဟောင်းဖြစ်သူဟာ နိုင်ငံရပ်ခြားမှာရှိနေစဉ် ကွာရှင်းလက်မှတ်ကို လက်ခံရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသား အာဖဂန်ကို ပြန်ရောက်လာပြီးတဲ့နောက်မှာ ဇနီးသည်ရဲ့ကွာရှင်းခွင့်လက်မှတ်ကို ဆန့်ကျင်ကြောင်း တာလီဘန်တရားရုံးကို တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

play

 

အာဖဂန်နစ္စတန်နိုင်ငံမှာ လင်မယာကွာရှင်းခြင်းဟာ ထုံးတမ်းအစဉ်အလာအရ ကန့်သတ်ထားပြီး အထူးသဖြင့် အမျိုးသမီးတွေဟာ လင်မယာခန်းကွာရှင်းမှု မလုပ်ဖို့ အစဉ်အလာအရ တားမြစ်ထားပါတယ်။ ခင်ပွန်းနဲ့ကွာရှင်းပြီး နောက်ထပ်အိမ်ထောင်ထူထောင်တဲ့ အမျိုးသမီးကို သူမရဲ့ဖခင်ဖြစ်သူနေအိမ်မှာ ပစ်သတ်ခဲ့ကြတာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ခန့်ရှိတဲ့ အမျိုးသမီး ဖြစ်တယ်လို့ ပြည်တွင်းနိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ နာဇာရီက ပြောပါတယ်။

တာလီဘန်တွေဘက်က အဆိုပါ လင်မယာကိစ္စကြားမှာ ပါဝင်ပတ်သတ်တဲ့ အမျိုးသားနှစ်ဦးကိုဖမ်းဆီးထားတယ်လို့ သိရပြီး ဘာသာရေးထုံးတမ်းဖြစ်တဲ့ ရှီရီယားဥပဒေအရ အပြစ်ပေးမယ်လို့ ကြေငြာထားပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ