International News: မလေးရှားမှာ လူဦးရေ ၄ သန်းနီးပါး ရေပြတ်လပ်မှုကြုံ

ဟူလူဆီလန်ဂေါရှိ ဓာတ်အားခွဲရုံကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်တဲ့ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းမှစပြီး ရေပြတ်လပ်မှု ဖြစ်ခဲ့ပါတယ်။

play


မလေးရှားနိုင်ငံ ကွာလာလမ်ပူနဲ့ ဆီလန်ဂေါမှာ နေထိုင်ကြတဲ့ လူဦးရေ ၄ သန်းဟာ လာမယ့် ခရစ္စမတ်အကြိုညအထိ ရေပြတ်လပ်မှုကြုံတွေ့ရမယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံရဲ့ အကြီးဆုံးဓာတ်အားပေးစက်ရုံ Tenaga Nasional က ၎င်းရဲ့ ဟူလူဆီလန်ဂေါရှိ ဓာတ်အားခွဲရုံကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်တဲ့ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းမှစပြီး ရေပြတ်လပ်မှု ဖြစ်ခဲ့ပါတယ်။

ရေသန့်စင် ပို့လွှတ်စက်ရုံ လုပ်ငန်းလည်ပတ်မှု


အဆိုပါဓာတ်အားခွဲရုံက ဆီလန်ဂေါနဲ့ အခြားဒေသများသို့ ရေသန့်စင် ပို့လွှတ်နေတဲ့ စက်ရုံ ၃ ရုံကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ဓာတ်အားခွဲရုံ ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်မှုကြောင့် ရေပြတ်လပ်မှုအပေါ် ပြည်သူများ၊ နိုင်ငံရေးသမားများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများနဲ့ ခရစ်ယာန်ဘုရားကျောင်းကောင်စီတို့က ဝေဖန်ခဲ့ကြပါတယ်။

play


ခရစ္စမတ်ပွဲတော်ရက်များနဲ့ ကျောင်းပိတ်ရက်များအတွင်း ဓာတ်အားပေးစက်ရုံ ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ပြီး ရေပြတ်လပ်မှုဖြစ်ခြင်းကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒေသခံတွေအနေနဲ့ ၅၄ နာရီကြာအထိ ရေပြတ်လပ်မှုကြုံရနိုင်ကြောင်း အသိပေးထားတယ်လို့ ဆိုပါတယ်။

မလေးရှားအာဏာပိုင်တွေကတော့ ဓာတ်အားခွဲရုံ ပြုပြင်ထိန်းသိမ်းမှုကို အမြန်ဆုံး လုပ်ဆောင်နေပြီး ခရစ္စမတ်အကြိုည မတိုင်မီ ရေသန့်စင် ပို့လွှတ်တဲ့စက်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြားထားပါတယ်။
Source & Photo: CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ