International News: မိခင်ပါတီပွဲ သွားနေစဉ် အိမ်တွင်ကျန်ခဲ့သည့် လသားအရွယ်ကလေးငယ်ကို ကြွက်များကိုက်ဖြတ်စားသောက်

ဧရာမကြွက်တွေ ကိုက်ဖြတ်စားသောက်ခံရမှုကြောင့် ကလေးငယ်ဟာ သေဆုံးသွားပါတယ်။

play

 

သုံးလအရွယ် ကလေးငယ်တစ်ဦးကို မိခင်ဖြစ်သူက အိမ်မှာတစ်ဦးတည်း ထားခဲ့ပြီးတဲ့နောက် အဆိုပါကလေးငယ်ဟာ အသက်ရှင်လျက်နဲ့ ဧရာမကြွက်တွေ ကိုက်ဖြတ်စားသောက်မှုကိုခံလိုက်ရကြောင်း သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်မိခင်ဖြစ်သူဟာ ပါတီပွဲသွားဖို့အတွက် သုံးလအရွယ် သမီးငယ်လေးကို အိမ်ခန်းထဲက အိပ်ရာထဲမှာ ထားခဲ့တာဖြစ်ပါတယ်။ လသားအရွယ် ကလေးငယ်ဟာ တစ်ဦးတည်း ကျန်နေခဲ့ရပြီး မိခင်ဖြစ်သူ အိမ်ပြန်ရောက်လာတဲ့ အချိန်ကျမှသာ သွေးပျက်ဖွယ်ရာ မြင်ကွင်းကိုမြင်တွေ့လိုက်ရတာပါ။ အဆိုပါမိခင်ကို ကလေးငယ်လျစ်လျူရှုမှုနဲ့ ဖမ်းဆီးပြီး စွဲချက်တင်ထားကြောင်း သိရပါတယ်။

play

 

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့ ကက်တယ်ဟောင်းဒေသမှာ ဒီဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အဆိုပါကလေးငယ်နဲ့အတူ မွေးဖွားထားတဲ့ အမြွာသားယောက်ျားလေးကိုတော့ မိခင်က သူနဲ့အတူ ခေါ်သွားတဲ့အ့တွက် ဒီဖြစ်ရပ်ဆိုးက လွတ်မြောက်သွားခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ဆိုး ကြုံခဲ့ရတဲ့ကလေးငယ်တို့ အိမ်နီးချင်းတစ်ဦးက ယင်းဖြစ်ရပ်ကို အောက်ပါအတိုင်း ပြန်ပြောပြပါတယ်။

" ကလေးငယ်ဟာ အတော်လေးနာပြီးမှ အသက်ထွက်သွားပုံပါပဲ။ မျက်လုံးတွေ၊လျှာတွေနဲ့ လက်ချောင်းတွေအားလုံး ကြွက်ကိုက်ခံခဲ့ရပါတယ်။ ဒီမိန်းမ(ကလေးမိခင်)က အမေမဖြစ်ထိုက်ဘူး။ ထောင်ထဲမှာပဲ အမြဲတမ်း နေသွားသင့်တယ်" လို့ အိမ်နီးချင်းတစ်ဦးက ဆိုခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ