International News: ဂျပန်က ကုန်ကျစရိတ်သက်သာတဲ့ လောင်စာအခဲသုံး ဒုံးပျံ အောင်မြင်စွာလွှတ်တင်

Epsilon-2 လို့ အမည်ပေးထားတဲ့ လောင်စာအခဲစွမ်းအင်သုံး ဒုံးပျံကို ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

  play


ဂျပန်နိုင်ငံ အာကာသအေဂျင်စီက လောင်စာအခဲသုံး ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ၈၅ ပေကျော် ရှည်လျားတဲ့ Epsilon-2 လို့ အမည်ရှိ လောင်စာအခဲစွမ်းအင်သုံး ဒုံးပျံကို ဒီဇင်ဘာ ၂၀ ရက် ဒေသစံတော်ချိန် ည ၈ နာရီမှာ ဂျပန်နိုင်ငံတောင်ပိုင်းရှိ အူချီနိုအူရာ အာကာသစခန်းမှ လွှတ်တင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျပန်ရဲ့ လောင်စာအခဲစွမ်အင်သုံး ဒုံးပျံ လွှတ်တင်မှု


အဆိုပါ ဒုံးပျံနဲ့အတူ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ရောင်ခြည်များကို စောင့်ကြည့်လေ့လာမယ့် ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ခဲ့ကြောင်း ဂျပန်အာကာသလေ့လာရေး အေဂျင်စီက ပြောပါတယ်။ အဆင့်သုံးဆင့် တွန်းကန်အားသုံး Epsilon-2 ဒုံးပျံဟာ လောင်စာအခဲစွမ်းအင်သုံး မျိုးဆက်သစ် ဒုံးပျံအမျိုးအစားဖြစ်ပြီး အာကာသအတွင်းလွှတ်တင်မှု ကုန်ကျစရိတ်ကို သုံးပုံတစ်ပုံအထိ လျှော့ချနိုင်ကြောင်းလည်း သိရပါတယ်။

play


ဒုံးပျံကုန်ကျစရိတ် လျှော့ချနိုင်ခြင်းက မိုးလေဝသနဲ့ ဆက်သွယ်ရေးဂြိုဟ်တုများ လွှတ်တင်မှုမှာ ဂျပန်အတွက်  စီးပွားရေးအရ ပိုမိုအကျိုးဖြစ်ထွန်းစေဖို့ အရေးပါတဲ့ ခြေလှမ်းလည်း ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ