International News: အိုင်အက်စ်နဲ့ဆက်သွယ်သူ ၇ ဦးကို မလေးရှားရဲ ဖမ်းဆီး

ဇန်နဝါရီလအတွင်းက အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှာ အိုင်အက်စ်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးကို တပ်လှန့်ထားကြောင်း မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

play


မလေးရှားနိုင်ငံမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်သူ ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန် ပြောကြားပါတယ်။ နိုင်ငံခြားသား ၄ ဦး အပါအဝင် အဆိုပါ ၇ ဦးကို အိုင်အက်စ်နဲ့ ဆက်သွယ်မှု၊ မလေးရှားနိုင်ငံနဲ့ မလေးရှားပြင်ပတို့မှာ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုတို့ဖြင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

play


မလေးရှား အာဏာပိုင်တွေက နိုင်ငံမှထွက်ခွာပြီး အိုင်အက်စ်အဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့တဲ့ နိုင်ငံသားအများအပြားရဲ့ ပတ်စ်ပို့စ်တွေကိုလည်း ပယ်ဖျက်ရုပ်သိမ်းထားပါတယ်။ မလေးရှားရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဆီးရီးယားကိုသွားရောက်ပြီး အိုင်အက်စ်ထံ ပူးပေါင်းခဲ့တဲ့ မလေးရှားနိုင်ငံသား ၁၈ ဦး တိုက်ပွဲများအတွင်း သေဆုံးခဲ့ကြောင်းနဲ့ အခြား ၇ ဦးမှာ အသေခံတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ယခုနှစ် ဇွန်လအတွင်းက ကွာလာလမ်ပူမြို့စွန်ရှိ နိုက်ကလပ်မှာ လက်ပစ်ဗုံးခွဲတိုက်ခိုက်မှုဟာ မလေးရှားမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်မှုအရ အိုင်အက်စ်နဲ့ ဆက်သွယ်သူတွေကို နိုဝင်ဘာ ၃ ရက်နဲ့ ဒီဇင်ဘာ ၁၆ ရက်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ယခုနှစ် ဇန်နဝါရီလအတွင်းက အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှာ အိုင်အက်စ်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးကို တပ်လှန့်ထားကြောင်း မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ