International News: ဘာလင်ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့်ဝင်တိုက်မှု အိုင်အက်စ်လက်ချက်ဟုဆို

လက်ရှိမှာ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့သူမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဂျာမန်အာဏာပိုင်တွေက ကောက်ချက်ချထားပါတယ်။

play


ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဒီဇင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့တဲ့ ခရစ္စမတ်ဈေးရှိ လူအုပ်အတွင်း ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း အိုက်အစ်က်အကြမ်းဖက်အဖွဲ့က ယမန်နေ့ (ဒီဇင်ဘာ ၂၀ ရက်) မှာ ပြောကြားလိုက်ပါတယ်။

ဘာလင် ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့် အကြမ်းဖက် ဝင်တိုက်မှု


ဘာလင် ခရစ္စမတ်ဈေး တိုက်ခိုက်မှုကို အိုင်အက်စ်စစ်သည်တစ်ဦးက လုပ်ဆောင်ခဲ့ကြောင်းနဲ့ မဟာမိတ်နိုင်ငံတွေရဲ့ လေကြောင်းတိုက်ခိုက်မှုက အရပ်သားတွေကို ပစ်မှတ်ထားမှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အိုင်အက်စ်နဲ့ဆက်နွှယ်တဲ့ Amaq သတင်းဌာနက ပြောကြားခဲ့ပါတယ်။

play


Amaq သတင်းက ထရပ်ကားဖြင့် ဝင်တိုက်ခဲ့သူကိုတော့ ထုတ်ဖော်ပြောကြးခဲ့ခြင်း မရှိပါဘူး။ ခရစ္စမတ်ဈေးရှိ လူအုပ်အတွင်း ထရပ်ကားဖြင့် ဝင်တိုက်မှုဖြစ်ပြီးနောက် ဒီဇင်ဘာ ၁၉ ရက် နှောင်းပိုင်းမှာ သံသယရှိသူ ပါကစ္စတန်လူမျိုး ဒုက္ခသည်တစ်ဦးကို ဖမ်းဆီးခဲ့ပေမဲ့ နောက်ပိုင်းမှာ သက်သေအထောက်အထား မခိုင်လုံမှုကြောင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

play


သံသယဖြင့် ဖမ်းဆီးခဲ့တဲ့ ပါကစ္စတန်လူမျိုးကို နာဗက်ဘီအဖြစ် ဂျာမန်မီဒီယာများက ဖော်ပြကြပါတယ်။ လက်ရှိမှာ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့သူဟာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဂျာမန်အာဏာပိုင်တွေက ကောက်ချက်ချထားပါတယ်။

play
ထရပ်ကားရဲ့ ခရီးသည်ထိုင်ခုံနေရာမှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် လူးကက်စ်အာဘန်။


ဘာလင်မြို့ရှိ ခရစ္စမတ်ဈေးတန်းတစ်ခုရှိ လူအုပ်အတွင်း ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး ၄၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
Source & Photo: CNN, BBC, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ