International News: တောင်ကိုရီးယားသမ္မတရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်ရဲ့သမီးကို ဖမ်းဝရမ်းထုတ်

သမ္မတပတ်ဂွန်ဟေးကို အကျင့်ပျက်ခြစားမှု အရှုပ်အထွေးမှာ ပါဝင်ပတ်သက်ခဲ့မှုကြောင့် လွှတ်တော်က စွဲချက်တင်ရန် မဲခွဲဆုံးဖြတ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။

play
တရားရုံး ကြာနားစစ်ဆေးမှုအတွင်း တွေရသည့် ချိုဆွန်ဆေးလ်


တောင်ကိုရီးယားနိုင်ငံ တရားရုံးက သမ္မတပတ်ဂွန်ဟေးရဲ့ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်ရဲ့သမီးကို ဖမ်းဆီးခွင့်ဝရမ်း ထုတ်လိုက်ကြောင်း သိရပါတယ်။ သမ္မတပတ်ဂွန်ဟေးဟာ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်ကို နိုင်ငံရေးမှာ စွက်ဖက်ခွင့်ပြုခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံအကျင့်ပျက်ခြစားမှု အရှုပ်အထွေးများ ပေါ်ပေါက်လာခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ ပါဝင်နေတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်အထွေး


ချိုဆွန်ဆေးလ်ကို ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေရာ ယခုအခါ သမီးဖြစ်သူ ချောင်ယိုရာကိုလည်း ဖမ်းဆီးရန် တရားရုံးက ဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ ဂျာမနီနိုင်ငံမှာ ရောက်ရှိနေတယ်လို့ ယုံကြည်ရပြီး ဖမ်းဆီးနိုင်ရေးအတွက် ဂျာမန်အာဏာပိုင်တွေကို ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားသွားမှာဖြစ်ကြောင်း တောင်ကိုရီးယား အထူးစုံးစမ်းစစ်ဆေးရေးရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

play
ချိုဆွန်ဆေးလ်ရဲ့သမီး ချောင်ယိုရာ (ယာဘက်မှ ဒုတိယမြောက်)


ချောင်ယိုရာဟာ တရားစီရင်မှုကို နှောင့်ယှက်ခြင်း အပါအဝင် စွဲချက်တွေနဲ့ ရင်ဆိုင်ရမှာပါ။ တောင်ကိုရီးယားနိုင်ငံမှာ သမ္မတပတ်ဂွန်ဟေးရဲ့ သူငယ်ချင်းက စီးပွားရေးလုပ်ငန်းကြီးတွေကို သူမရဲ့ ဖောင်ဒေးရှင်းတွေအတွက် ရန်ပုံငွေများထည့်စေခြင်း အပါအဝင် အကျင့်ပျက်ခြစားမှု လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

play
သမ္မတပတ်ဂွန်ဟေးနဲ့ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်တို့၏ မျက်နှာဖုံးများတပ်ဆင်ကာ ဆန္ဒပြနေစဉ်


သမ္မတပတ်ဂွန်ဟေးကို အဆိုပါ အရှုပ်အထွေးမှာ ပါဝင်ပတ်သက်ခဲ့မှုကြောင့် လွှတ်တော်က စွဲချက်တင်ရန် မဲခွဲဆုံးဖြတ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ကြားနာစစ်ဆေးမှုကို ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) စတင်မယ်လို့ သိရပါတယ်။

ခုံရုံးက ကြားနာစစ်ဆေးပြီးနောက် လွှတ်တော်မဲခွဲဆုံးဖြတ်မှုကို အတည်ပြုခဲ့ပါက ပတ်ဂွန်ဟေးဟာ သမ္မတရာထူးမှ ဖယ်ရှားခံရမှာဖြစ်ပြီး တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲကို ရက် ၆၀ အတွင်း ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။
Source & Photo: Reuters, TIME

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ