International News: ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့ကြောင်း သံသယရှိသူကို ဂျာမန်ရဲတပ်ဖွဲ့ လိုက်လံရှာဖွေ

, updated

သံသယရှိသူ တူနီးရှားလူမျိုးဟာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး နာမည်သုံးမျိုးကို အသုံးပြုထားပါတယ်။

play
အဓိက သံသယရှိသူ အေနစ်အမ်မရီ


ဘာလင် ခရစ္စမတ်ဈေးတန်းရှိ လူအုပ်အတွင်း ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး တူနီးရှားလူမျိုးတစ်ဦးကို ဂျာမန်ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။ လူအုပ်ကို ဝင်တိုက်ခဲ့တဲ့ ထရပ်ကားအတွင်းမှ အေနစ် အမ်မရီ အမည်ဖြင့် ယာယီနေထိုင်ခွင့် စာရွက်စာတမ်းကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဘာလင် ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့် အကြမ်းဖက် ဝင်တိုက်မှု


ယာယီနေထိုင်ခွင့်မှာ ဖော်ပြထားမှုအရ အေနစ်ဟာ ၁၉၉၂ ခုနှစ်က တူနီးရှားနိုင်ငံ Tataouine မြို့မှာ မွေးဖွားခဲ့သူဖြစ်ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ယာယီနေထိုင်ခွင့် ထုတ်ပေးခဲ့ရာ မြောက်ပိုင်း ရိုင်းဝက်စ်ဖာလီယာ ပြည်နယ်မှာ စီးနင်းရှာဖွေမှုများ ဆောင်ရွက်နေပါတယ်။ ဂျာမန်သတင်းတွေရဲ့ ဖော်ပြမှုအရ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့သူဟာ ဒဏ်ရာရရှိထားကြောင်းလည်း သိရပါတယ်။

play


Allgemeine Zeitung နဲ့ Bild သတင်းစာတွေရဲ့ သတင်းများအရ သံသယရှိသူ တူနီးရှားလူမျိုးဟာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး နာမည်သုံးမျိုးကို အသုံးပြုထားပါတယ်။ ၎င်းဟာ ဂျာမနီကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ ရောက်ရှိလာခဲ့ပြီး ၎င်းရဲ့ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ခွင့်ကို ယခုနှစ် ဇွန်လမှာ ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

play


အေနစ်ကို ဂျာမန်ထောက်လှမ်းရေးက စောင့်ကြည့်စာရင်းသွင်းထားခဲ့ကြောင်းလည်း သိရပါတယ်။ ယခုအခါ ၎င်းကို အလိုရှိကြောင်း ဆံပင်ပုံစံမတူညီတဲ့ ဓာတ်ပုံနှစ်ပုံနဲ့အတူ ဥရောပဒေသအတွင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အေနစ်ကို ဖမ်းဆီးရမိနိုင်ရန် ကူညီသူကို ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၄,၀၀၀ ပေးအပ်မယ်လို့လည်း ကမ်းလှမ်းထားကြောင်း သိရပါတယ်။

play


ဒီဇင်ဘာ ၁၉ ရက်က ဘာလင်မြို့ရှိ ခရစ္စမတ်ဈေးတန်းကို ထရပ်ကားဖြင့် အရှိန်ပြင်းစွာမောင်းနှင်ပြီး အကြမ်းဖက်ဝင်တိုက်ခဲ့မှုကြောင့် လူ ၁၂ ဦး ၄၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့ရဲ့စစ်သည်က လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ယမန်နေ့ (ဒီဇင်ဘာ ၂၀ ရက်) မှာ ပြောကြားထားပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ