International News: ဂျပန်အစိုးရက ကာကွယ်ရေးအသုံးစရိတ် စံချိန်တင်တိုးမြှင့်

အရှေ့တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ စစ်အင်အားတိုးချဲ့လာမှုနဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည် ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ရန် ဂျပန်ကလည်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

play
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေး


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးအစိုးရက ကာကွယ်ရေးအသုံးစရိတ် စံချိန်တင်တိုးမြှင့်မယ့် အစီအစဉ်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြောင်း ယနေ့ (ဒီဇင်ဘာ ၂၂ ရက်) ထုတ်ပြန်ကြေညာပါတယ်။

ဂျပန်အစိုးရက ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်


အရှေ့တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ စစ်အင်အားတိုးချဲ့လာမှုနဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည် ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ရန် ဂျပန်ကလည်း ကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင်တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

play


ဂျပန်အစိုးရအဖွဲ့က လာမယ့် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှစပြီး အကျုံးဝင်မယ့် ယန်းငွေ ၅.၁၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၃.၆၆ ဘီလီယံ) ပမာဏရှိတဲ့ ကာကွယ်ရေးအသုံးစရိတ်ကို အတည်ပြုခဲ့ပါတယ်။ အဆိုပါ ကာကွယ်ရေးအသုံးစရိတ် ပမာဏဟာ ယခင်ကထက် ၁.၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။

play


ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုကို ဂျပန်လွှတ်တော်က သဘောတူခွင့်ပြုခဲ့ပါက ဂျပန်ဟာ ကာကွယ်ရေးကဏ္ဍမှာ ငါးနှစ်ဆက်တိုက် အသုံးစရိတ် တိုးမြှင့်မှုလည်း ဖြစ်လာမှာပါ။ အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်က လွှမ်းမိုးထားတဲ့ ဂျပန်လွှတ်တော်ကလည်း အစိုးရရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ခွင်ပြုပေးရန် သေချာသလောက် ရှိနေပါတယ်။

ဂျပန်အစိုးရဟာ ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်ကိုလည်း အဆင့်မြှင့်တင်သွားပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည်အစီအစဉ်ကို တန်ပြန်နိုင်ရန်လည်း ရည်ရွယ်ထားကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ