International News: လေထုညစ်ညမ်းမှု ဆိုးရွားနေသည့်ကြားမှ တရုတ်ကျောင်းသားများ ကွင်းပြင်ထွက်ပြီး စာမေးပွဲဖြေခဲ့ရ

တရုတ်နိုင်ငံမြောက်ပိုင်းမှာ လေထုညစ်ညမ်းမှု စံချိန်တင်နီးပါး ဆိုးရွားစွာဖြစ်နေမှုမှာ ရက်သတ္တပတ် တစ်ပတ်နီးပါးရှိပြီလည်း ဖြစ်ပါတယ်။

play


လေထုညစ်ညမ်းမှု ဆိုးရွားစွာဖြစ်နေတဲ့ တရုတ်နိုင်ငံမှာ ကျောင်းသူ၊ ကျောင်းသားတွေဟာ ကျောင်းပြင်ပ ကွင်းပြင်နေရာမှာ စာမေးပွဲ ဖြေဆိုခဲ့ကြရတယ်လို့ ဆိုပါတယ်။


တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ ကျောင်းသူ၊ ကျောင်းသား ၄၀၀ ကျော်ဟာ လေထုညစ်ညမ်းမှု အန္တရာယ်ရှိနေတဲ့ ကျောင်းပြင်ပ ကွင်းပြင်နေရာမှာ ဒီဇင်ဘာ ၁၉ ရက်က စာမေးပွဲဖြေဆိုခဲ့ရကြောင်း ဒေသခံသတင်းတွေက ဖော်ပြခဲ့ပါတယ်။ အန်ယန်းခရိုင် လင်ဇူးမြို့ရှိ အလယ်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်သားတွေကို ကျောင်းပြင်ပကွင်းပြင်မှာ ပြုလုပ်ထားတဲ့ စာမေးပွဲဖြေဆိုတဲ့ နေရာလေးခုမှာ ဖြေဆိုစေခဲ့ကြောင်း သိရပါတယ်။

တရုတ်မှာ ဖြစ်နေသည့် လေထုညစ်ညမ်းမှု


ကျောင်းသူ၊ ကျောင်းသားတွေဟာ လေထုညစ်ညမ်းနေပြီး အမှုန်အမွားများ ထူထပ်နေတဲ့ ကွင်းပြင်မှာ အကာအကွယ် မျက်နှာဖုံးများလည်း ဝတ်ဆင်ထားခြင်း မရှိဘဲ ခွေးခြေထိုင်ခုံငယ်တွေမှာထိုင်ပြီး စာမေးပွဲဖြေဆိုခဲကြရတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်ခဲ့ပါတယ်။

play

 
အဆိုပါ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဖြစ်သူ ဖန်ဂျစ်ဟန်းကတော့ စာမေးပွဲအချိန်ဇယားကို လေထုညစ်ညမ်းမှု ဆိုးရွားစွာ မဖြစ်ခင်ကတည်းက ထုတ်ပြန်စီစဉ်ထားခဲ့တာလို့ ပြောပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေကို လေထုညစ်ညမ်းနေစဉ် ကွင်းပြင်မှာ စာမေးပွဲဖြေဆိုစေခဲ့တဲ့ ကျောင်းအုပ်ဖြစ်သူ ဖန်ဂျစ်ဟန်းကို ရာထူးမှဆိုင်းငံ့ထားလိုက်ကြောင်း သိရပါတယ်။

play


တရုတ်နိုင်ငံမြောက်ပိုင်းမှာ လေထုညစ်ညမ်းမှု စံချိန်တင်နီးပါး ဆိုးရွားစွာဖြစ်နေမှုမှာ ရက်သတ္တပတ် တစ်ပတ်နီးပါးရှိပြီလည်း ဖြစ်ပါတယ်။ ဘေဂျင်းမြို့တော်မှာလည်း လေထုညစ်ညမ်းမှု ဆိုးရွားနေပြီး တရုတ်နိုင်ငံရှိ မြို့ ၂၄ မြို့မှာ လေထုညစ်ညမ်းမှု အန္တရာယ်ကို အနီရောင်အဆင့် သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရပါတယ်။
Source & Photo: People's Daily, Telegaph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ