International News: အလက်ပိုမြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီဟု ဆီးရီးယားစစ်တပ် ကြေညာ

, updated

အလက်ပိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းဟာ ဆီးရီးယားသမ္မတ ဘရှား အာဆတ်အတွက် အရေးပါတဲ့ အောင်ပွဲတစ်ရပ်လည်း ဖြစ်လာခဲ့ပါတယ်။

play


ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်ဖွဲ့က အလက်ပိုမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ သိရပါတယ်။ ဆီးရီးယားစစ်တပ်က အလက်ပိုမြို့ကို အပြည့်အဝထိန်းချုပ်ကာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။

အလက်ပိုမြို့ကို ဆီးရီယားစစ်တပ် ပြန်လည်သိမ်းပိုက်


အလက်ပိုမြို့ကို သူပုန်အုပ်စုတွေက ၂၀၁၁ ခုနှစ်က ပြည်တွင်းစစ် စတင်ဖြစ်ပွားကတည်းက သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။ အလက်ပိုမြို့ကို ဆီးရီးယားစစ်တပ်က ပြန်လည် သိမ်းပိုက်ခဲ့ခြင်းဟာ သမ္မတအာဆတ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်များအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလည်း ဖြစ်လာပါတယ်။

play


အလက်ပိုအရှေ့ပိုင်းမှာ နောက်ဆုံးကျန်ရှိနေတဲ့ သူပုန်အုပ်စု ထွက်ခွာသွားခဲ့ပြီးနောက် ဆီးရီးယားစစ်တပ်က မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ကလည်း အလက်ပိုအရှေ့ပိုင်းမှာ ရွှေ့ပြောင်းမှုတွေ ပြီးမြောက်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

play


ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အလက်ပိုမြို့အရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ထားရာ နေရာဒေသများမှ အရပ်သားနဲ့ သူပုန်တိုက်ခိုက်ရေးသမား အနည်းဆုံး  ၃၄,၀၀၀ ထွက်ခွာသွားခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားထားပါတယ်။ အလက်ပိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းဟာ ဆီးရီးယားသမ္မတ ဘရှား အာဆတ်အတွက် အရေးပါတဲ့ အောင်ပွဲတစ်ရပ်လည်း ဖြစ်လာခဲ့ပါတယ်။
Source & Photo: BBC

အလက်ပိုမြို့ရဲ့ စစ်မဖြစ်မီနဲ့ စစ်ဖြစ်အပြီး မြင်ကွင်း
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ