International News: မဲလ်ဘုန်းမှာ ခရစ္စမတ်နေ့ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူတွေ ဖမ်းမိ

ဖောက်ခွဲရေးပစ္စည်းများ၊ ဓား သို့မဟုတ် သေနတ် အပါအဝင် အခြား လက်နက်များသုံးပြီး အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။

play
မဲလ်ဘုန်းမြို့လယ်ရှိ ဘူတာရုံ


သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့လယ်မှာ ခရစ္စမတ်နေ့ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေမှုကို ဟန့်တားဖော်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) နံနက်အစောပိုင်းက စီးနင်းမှုများအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ပြောပါတယ်။

မဲလ်ဘုန်းမှာ ခရစ္စမတ်နေ့ တိုက်ခိုက်ရန်စီစဉ်နေသူတွေကို ဖမ်းဆီးမှု


၎င်းတို့ဟာ ဖောက်ခွဲရေးပစ္စည်းများ၊ ဓား သို့မဟုတ် သေနတ် အပါအဝင် အခြား လက်နက်များသုံးပြီး အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို Flinders Street ဘူတာရုံ၊ ပြည်ထောင်စုရင်ပြင်နဲ့ စိန့်ပေါလ် ခရစ်ယာန်ဘုရားကျောင်းတို့မှာ ပြုလုပ်ရန် စီစဉ်ထားခဲ့ကြောင်းလည်း သိရပါတယ်။

play
ပြည်ထောင်စုရင်ပြင်


အကြမ်းဖက်တိုက်ခိုက်ရန် ပစ်မှတ်ထားတဲ့ နေရာအားလုံးဟာ မဲလ်ဘုန်းမြို့လယ်မှာ တည်ရှိပြီး မဲလ်ဘုန်း ခရစ်ကတ်အားကစားကွင်းနဲ့ အနည်းငယ်သာကွာဝေးပါတယ်။ အဆိုပါ ခရစ်ကတ်ကွင်းမှာ သြစတြေးလျနဲ့ ပါကစ္စတန်အသင်းတို့ရဲ့ ဘောက်ဆင်ဒေး အစမ်းပွဲစဉ် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး ပရိသတ် ၁၀၀,၀၀၀ အထိ လာရောက်ကြည့်ရှုမယ်လို့ ခန့်မှန်ထားပါတယ်။

play
မဲလ်ဘုန်းမြို့လယ် မြင်ကွင်း


ဖမ်းဆီးခဲ့သူတွေအနက် ၂ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အခြား ၅ ဦးကို ဖမ်းဆီးထားပြီး စွဲချက်တင်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆက်လက်ဖမ်းဆီးထားသူ ၅ ဦးအနက် ၄ ဦးဟာ သြစတြေးလျမှာ မွေးဖွားခဲ့ပြီး လက်ဘနွန်မျိုးနွယ်များ ဖြစ်ပါတယ်။ နောက်ထပ်တစ်ဦးမှာ အီဂျစ်မှာမွေးဖွားခဲ့သူ သြစတြေးလျနိုင်ငံသားဖြစ်ကြောင်း သိရပါတယ်။

သြစတြေးလျမှာ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်ပြီး ဆယ်ကျော်သက်တွေကို ဖမ်းဆီးစွဲချက်တင်မှုတွေ လတ်တလော နှစ်များအတွင်း မကြာခဏ ရှိလာခဲ့ပါတယ်။
Source & Photo: BBC, Getty Images, USA Today, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ