International News: နိုက်ဂျီးရီးယားမှာ ပလတ်စတစ်ဆန်များ သိမ်းဆည်းရမိ

ပြည်သူတွေကို ပလတ်စတစ်ဆန်များ ချက်စားမိခြင်းမရှိစေရန် ဂရုပြုစစ်ဆေးကြဖို့ အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

play


နိုက်ဂျီးရီးယားမှာ တရုတ်နိုင်ငံမှ တင်းသွင်းခဲ့ဖွယ်ရှိတဲ့ ပလတ်စတစ်ဆန် ၂ တန်ခွဲကို အကောက်ခွန်ဌာနက သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ ခရစ္စမတ်မတိုင်မီ အစားအစာဈေးနှုန်း မြင့်မားနေမှုနဲ့ ငွေကြေးဖောင်းပွနေတဲ့ နိုက်ဂျီးရီးယားကို တင်သွင်းလာတဲ့ ပလတ်စတစ်ဆန်တွေကို လာဂို့စ်ဆိပ်ကမ်းမှာ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

နိုက်ဂျီးရီးယားမှာ ပလတ်စတစ်ဆန်များ ဖမ်းမိ


နိုက်ဂျီးရီးယား အကောက်ခွန်ဌာနက 'Best Tomato Rice' လို့ အမှတ်တံဆိပ် ရေးထိုးထားတဲ့ ပလတ်စတစ်ဆန်အိတ် ၁၀၂ အိတ်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ ပလတ်စတစ်ဆန်တွေကို တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့ကြောင်းနဲ့ ယခု သိမ်းဆည်းရမိတဲ့ ဆိပ်ကမ်းမှာပင် ယမန်နှစ်ကလည်း အလားတူ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

play


ပလတ်စတစ်ဆန်များ တင်သွင်းခဲ့မှုဖြင့် သံသယရှိသူကို ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၁ ရက်) မှာ ဖမ်းဆီးလိုက်ပြီး ပြည်သူတွေကို ပလတ်စတစ်ဆန်များ ချက်စားမိခြင်းမရှိစေရန် ဂရုပြုစစ်ဆေးကြဖို့ အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ "ဒီပလတ်စတစ်ဆန်တွေကို ချက်စားတဲ့သူတွေ ဘာဖြစ်မယ်ဆိုတာ ဘုရားသခင်ပဲသိလိမ့်မယ်" လို့ နိုက်ဂျီးရီးယား အကောက်ခွန်အရာရှိက ပြောပါတယ်။

play


နိုက်ဂျီးရီးယားမှာ ဆန်ကို အဓိကစားသုံးကြပြီး ခရစ္စမတ်ကာလတွေမှာ ဝယ်လိုအားပိုများပါတယ်။ သို့သော်လည်း ပြည်တွင်းထုတ်လုပ်မှုကို တွန်းအားပေးနိုင်ရန်အတွက် နိုက်ဂျီးရီးယားအစိုးရက နိုင်ငံအတွင်း ဆန်တင်သွင်းမှုကို ပိတ်ပင်ထားပါတယ်။ နိုက်ဂျီးရီးယားမှာ ၁၃ လ ဆက်တိုက် ငွေကြေးဖောင်းပွဲနေမှုနဲ့ အစားအစာ ဈေးနှုန်းများမြင့်တက်နေမှုတွေ ဖြစ်နေပါတယ်။
Source & Photo: BBC, RT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ