International News: တရုတ်မှာ ငှက်တုပ်ကွေးကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုရှိလာ

ယခုနှစ် ဆောင်းရာသီကာလအတွင်း တရုတ်မှာ H7N9 ငှက်တုပ်ကွေး ကူးစက်ခံရသူ အနည်းဆုံး ခုနစ်ဦးရှိခဲ့ပါတယ်။

play


တရုတ်နိုင်ငံမှာ ယခုနှစ် ဆောင်းရာသီကာလအတွင်း ငှက်တုပ်ကွေး ကူးစက်ခံရပြီး လူသေဆုံးမှု ပထမဆုံးအကြိမ် ရှိလာခဲ့ကြောင်း သိရပါတယ်။ အန်ဟွေပြည်နယ်မှာ ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ငှက်တုပ်ကွေးအကြောင်း သိကောင်းစရာ


အန်ဟွေမှာ ဒီဇင်ဘာ ၈ ရက်က စတင်တွေ့ရှိခဲ့တဲ့ H7N9 ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ကျန်းမာရေး တာဝန်ရှိအဖွဲ့အစည်းက ဒီဇင်ဘာ ၂၁ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

play


ငှက်တုပ်ကွေး ကူးစက်ခံရတဲ့ အခြား လူသုံးဦးရဲ့ အခြေအနေကိုမူ သတင်းထုတ်ပြန်မှာ ပြောကြားမထားဘူးလို့ ဆိုပါတယ်။ ယခုနှစ် ဆောင်းရာသီကာလအတွင်း တရုတ်မှာ H7N9 ငှက်တုပ်ကွေး ကူးစက်ခံရသူ အနည်းဆုံး ခုနစ်ဦးရှိခဲ့ကြောင်း သိရပါတယ်။ ဟောင်ကောင်မှာလည်း ယခုနှစ် ဆောင်းရာသီမှာ ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားသူတစ်ဦး တွေ့ရှိခဲ့ပါတယ်။

play


တရုတ်နဲ့အိမ်နီးချင်း တောင်ကိုရီးယားနဲ့ဂျပန်တို့မှာလည်း ငှက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခဲ့ရပါတယ်။ ဂျပန်နိုင်ငံမှာ ငှက်တုပ်ကွေးကြောင့် သိန်းနဲ့ချီတဲ့ ကြက်တွေကို သုတ်သင်ရှင်းလင်းခဲ့ရသလို တောင်ကိုရီးယားမှာလည်း ငှက်တုပ်ကွေး လျင်မြန်စွာ ပျံ့နှံ့နေမှုကြောင့် ကြက်၊ ဘဲကောင်ရေ သန်း ၂၀ အထိ စံချိန်တင်ပမာဏအဖြစ် သုတ်သင်ခဲ့ရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ