International News: ဒူတာတေး လူသတ်ခဲ့မှုအပေါ် ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမည်

ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ ချီတိုဂက်စ်ကွန်က သမ္မတဒူတာတေး လူသတ်ခဲ့မှုကို အဖွဲ့တစ်ဖွဲ့ဖြင့် စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

play
ဖိလစ်ပိုင်သမ္မတ ဒူတာတေး


သမ္မတဒူတာတေးက ဒါဗာအိုမြို့အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့စဉ်အတွင်း မူးယစ်ဆေးဝါမှုဖြင့် သံသယရှိသူတွေကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံပြောကြားထားခြင်းအပေါ် လွတ်လပ်တဲ့ ဖိလစ်ပိုင်လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ကိုယ်တိုင်လူသတ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားတဲ့ ဒူတာတေး


ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်က နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့မှာ ဒူတာတေးလက်ထက်က ကြေးစားလူသတ်သမားတွေက ရာဇဝတ်မှုဖြင့် သံသယရှိသူတွေကို ဥပဒေပြင်ပ သတ်ဖြတ်ခဲ့မှုတွေကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဒူတာတေးဟာ ဒါဗာအိုမြို့ အုပ်ချုပ်ရေးမှူးအဖြစ် ဆယ်စုနှစ် ၂ ခုကြာ တာဝန်ယူခဲ့ပြီး ရာဇဝတ်မှုကျူးလွန်သူတွေကို သတ်ဖြတ်ရန် ကြေးစားလူသတ်သမားများကို စေခိုင်းခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။

play
ဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း သေဆုံးခဲ့သူတစ်ဦး


ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဒါဗာအိုမြို့ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့စဉ်က လူသုံးဦးကို ၎င်းကိုယ်တိုင်သတ်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အတည်ပြု ပြောကြားထားပါတယ်။ ဒူတာတေးဟာ ယခုနှစ် မေလမှာ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပြီးနောက် ရက်စက်ကြမ်းတမ်းတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးအသွင် ဆောင်ရွက်ခဲ့ပါတယ်။

play
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှိ အကြီးအကဲ


ဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း လူပေါင်း ၆,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ ဇိုက်ရက်ဒ် အယ်လ်ဟက်ဆန်ကလည်း သမ္မတဒူတာတေးရဲ့ လူသတ်မှုအပေါ် ဖိလစ်ပိုင် တရားစီရင်ရေးအာဏာပိုင်တွေက အမှုဖွင့်စစ်ဆေးရန် ဒီဇင်ဘာ ၂၀ ရက်မှာ တိုက်တွန်ထားပါတယ်။

play
ဖိလစ်ပိုင် ဆီးနိတ်လွှတ်တော်အမတ် လီလာဒီလီမာ


ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ ချီတိုဂက်စ်ကွန်က သမ္မတဒူတာတေး လူသတ်ခဲ့မှုကို အဖွဲ့တစ်ဖွဲ့ဖြင့် စုံစမ်းစစ်ဆေးသွားမယ်လို့ ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်) မှာ ပြောပါတယ်။ သမ္မတဒူတာတေးဟာ လူသတ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့မှုတွေကြောင့် စွဲချက်တင်ခံရနိုင်ကြောင်း ဖိလစ်ပိုင် ဆီးနိတ်လွှတ်တော်အမတ် လီလာဒီလီမာက ဆိုပါတယ်။

ဒူတာတေးက "ဒါဗာအိုမှာ ကိုယ်တိုင် သတ်ဖြတ်ခဲ့တာတွေ ရှိခဲ့တယ်၊ ဒါကလည်း ရဲတွေကို သူတို့မလုပ်ရင် ကျုပ်လုပ်နိုင်တယ်ဆိုတာ ပြချင်တာကြောင့်ပဲ" လို့ ပြောကြားထားပါတယ်။

Source & Photo: Reuters, EPA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ